JellyBean Skin

Written by S.N.O Published in 27 Nov 2014

JellyBean Skin Software လေးကတော့ ကွန်ပျူတာကို လက်ရှိအသုံးပြုနေသော မိုဘိုင်းဖုန်း Android ပုံစံအတိုင်း Skin ကို ပြောင်းလဲအသုံးပြုချင်သူတွေအနေဖြင့် ရွေးချယ်စရာ ဆော့ဖ်ဝဲတစ်မျိုးဖြစ်ပါတယ်။

         JellyBean Skin ကို Install ပြုလုပ်ပြီးနောက် သင့်ကွန်ပျူတာကို Restart ချပေးရပါလိမ့်မယ်။ ပြီးနောက် boot ပြန်တက်လာတဲ့အခါမှာ JellyBean Android ပုံစံ Skin အနေဖြင့် ကွန်ပျူတာဟာ ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။

          JellyBean ရဲ့ပုံစံ အတော်များများကို ဒီဆော့ဖ်ဝဲမှာ တွေ့ရှိရမှာ ဖြစ်ပြီး ညာဖက်ထောင့်မှာတော့ Android ဖုန်းအတွင်းရှိ အချို့သော Feature များကို ထည့်သွင်းပေးထားတာကို တွေ့မြင်ရပါလိမ့်မယ်။

 

 

ဘယ်ဖက်ထောင့်စွန်းရှိ Android ပုံစံ စက်ရုပ်ကလေးဟာ My Document ကို ဆိုလိုတာဖြစ်ပါတယ်။ သူ့ဘေးနားမှာ ရှိတဲ့ Home ပုံစံလေးကတော့ My Computer ကို ဆိုလိုတာ ဖြစ်ပါတယ်။ သူ့ဘေးနားကတော့ Recycle Bin ဖြစ်ပါတယ်။

           ဒါကြောင့် Desktop ပေါ်မှတဆင့် My Document , My Computer , Recycle Bin စတာတွေကို တိုက်ရိုက်ဝင်ရောက်နိုင်တာကို တွေ့ရပါတယ်။ ကမ္ဘာလုံးပုံစံလေးကတော့ အင်တာနက်အသုံးပြုရန် ဖြစ်ပါတယ်။ သူ့ကိုနှိပ်လိုက်လျှင် Web Browser တက်လာမှာ ဖြစ်ပါတယ်။

နောက်ဆုံးတစ်ခု ကတော့ သီချင်းနားထောင်ရန် ဖြစ်ပါတယ်။ ကွန်ပျူတာအတွင်း Play လုပ်ချင်သော သီချင်းများကို ရွေးချယ်ပေးရန် ဖြစ်ပါတယ်။

          အောက်ခြေက ဘားတန်းလေးကတော့ အသံအတိုးအကျယ်ဖြစ်ပါတယ်။ ကွန်ပျူတာ စနစ်အတွင်း အသံအတိုးအကျယ်ကို ၎င်း Bar တန်းလေးကို အသုံးပြုပြီး အတိုးအကျယ်ပြုလုပ်နိုင်ပါတယ်။

  နောက်ဆုံးတစ်ခုကတော့ Search Bar ဖြစ်ပါတယ်။ လိုအပ်တဲ့ Search ပြုလုပ်ခြင်းများကို Google Search Engine နှင့် တိုက်ရိုက်ချိတ်ဆက်ထားပြီး ဆောင်ရွက်နိုင်တာကို တွေ့ရပါတယ်။

          JellyBean Skin နှင့်အတူ Rocket Dock တစ်ခု တွဲဖက်ပါဝင်ပါတယ်။ အဲဒီ Rocket Dock မှာကတော့ My Computer , Game , Photo , Web , Movie , Song , Calculator , Notepad များကို အခုလို Icon များနှင့် ပြသပေးထားတာကို တွေ့ရပါလိမ့်မယ်။

 

 

ဒါကြောင့် ကွန်ပျူတာနှင့် Android ပုံစံ Skin အသုံးပြုလိုသူတွေ အနေဖြင့် ကိုက်ညီအဆင်ပြေမှုရှိစေမည့် ဆော့ဖ်ဝဲကောင်းလေးတစ်ခု ဖြစ်ပါတယ်။

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.