Lenovo မှ အမေရိကန်တွင် စခရင် အရွယ်အစား သေးငယ်သော Tablet များ ရောင်းချခြင်းကို ရပ်ဆိုင်း

Written by S.N.O Published in 29 Jul 2014

    Lenovo ကုမ္ပဏီမှ အမေရိကန်နိုင်ငံအတွင်း 10 လက်မအောက် သေးငယ်သော Tablet များ ရောင်းချခြင်းကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း ထုတ်ပြန် ပြောကြားခဲ့ပါတယ်။

ယခုလို Lenovo ရဲ့လုပ်ဆောင်ချက်ဟာ အမေရိကန်နိုင်ငံမှာ ဆယ်လက်မအောက် သေးငယ်သော Tablet များ ဈေးကွက်မှာ အလွန် ကျဆင်းလျက်ရှိပြီး လူအများဟာလည်း Tablet အသေးစားများကို မနှစ်သက်ကြကြောင်း သိရပါတယ်။

ဒါကြောင့် Lenove အနေဖြင့် ၈လက်မ အရွယ်အစားရှိသော ၎င်းရဲ့ ThinkPad 8 ကို အမေရိကန်နိုင်ငံအတွင်း ရောင်းချခြင်းကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ၊ အထူးသဖြင့် မြောက်အမေရိကမှာဆိုရင် စခရင် အရွယ်အစားကြီးမားသော Tablet များကိုသာ လူအများမှ စိတ်ဝင်စားကြောင်း၊ Lenovo ကုမ္ပဏီအနေဖြင့် 10 လက်မအရွယ် စခရင် အရွယ်အစားရှိတဲ့ ThinkPad 10 ကိုသာ ဆက်လက် ထုတ်လုပ်သွားမှာ ဖြစ်ကြောင်းလည်း ပြောဆိုသွားပါတယ်။

အမှန်တကယ်မှာတော့ Lenovo ရဲ့ ThinkPad 8 ဟာ Windows Tablet အမျိုးအစားဖြစ်သလို ၎င်းအတွင်း နောက်ဆုံးပေါ် စွမ်းဆောင်ရည်မြင့် ပစ္စည်းများကိုသာ ထည့်သွင်း အသုံးပြုထားပါတယ်။

ထို့ပြင်၎င်း Tablet ဟာ USB 3.0 ကို အထောက်အပံ့ပြုနိုင်ပြီး Resolution ဟာလည်း 1080 အထိ ရရှိနိုင်တာကြောင့် စွမ်းဆောင်ရည် အလွန်ကောင်းတဲ့ Tablet အမျိုးအစား ဖြစ်တယ်လို့ ယူဆလို့ ရပါတယ်။ ဒါပေမယ့် ၎င်းရဲ့ Tablet 8 ဟာ ဘရာဇီးနိုင်ငံ ၊ တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှာ ရောင်းအားကောင်းသော Tablet ဖြစ်ခဲ့ကြောင်း Lenovo မှ ပြောကြားခဲ့ပါတယ်။

Lenovo အနေဖြင့် ယခုလို အရွယ်အစား သေးငယ်သော Tablet များကို ထုတ်လုပ်ခဲ့ခြင်းမှာ ဈေးနှုန်းသက်သာ၍ စွမ်းဆောင်ရည်မြင့်သော Tablet များကို လူတိုင်း အသုံးပျြုနိုင်စေရန် ရည်ရွယ်၍ ထုတ်လုပ်ခဲ့တာဖြစ်ပြီး ၎င်းရဲ့ Lenovo 7 Tablet ဟာဆိုလျှင် ဈေးနှုန်းအားဖြင့် 129 ဒေါ်လာမှ 200 ဒေါ်လာ အတွင်းမှာသာ ရှိကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.