Lesson 1 Introduction Microsoft Word

Written by S.N.O Published in 30 May 2014

Lesson 1 Introduction Microsoft Word

           Microsoft Word  ဆိုတာကတော့ ကွန်ပျူတာအသုံးပြုသူအားလုံးနီးပါး ရင်းနှီးပြီးသား Application တစ်ခုဖြစ်ပါတယ်။ ၎င်း Microsoft Word Program ကို Microsoft ကုမ္ပဏီမှ ထုတ်လုပ်ထားတာဖြစ်ပြီး Document File များကို အလွယ်ကူဆုံးနှင့် အလျှင်မြန်ဆုံး ပြုလုပ်ဖန်တီးနိုင်စေရန် ရည်ရွယ်ထားခြင်းဖြစ်ပါတယ်။ ထို့ကြောင့် ကွန်ပျူတာ စတင်လေ့လာ ချင်တယ်ဆိုရင်တော့ Microsoft Word Program ကို အရင်ဆုံး လေ့လာသင့်ပါတယ်။ 

 

Fig (1)

 

            Microsoft Word ကို အသုံးမပြုမီ အရင်ဦးဆုံး Microsoft Word ဆိုတာ ဘာလဲ ဆိုတာ အရင်သိအောင် ကြိုးစားရပါမယ်။ အလွယ်ဆုံးပြောရရင် Microsoft Word ဆိုတာ စာစီစာရိုက်ပြု လုပ်တဲ့ Program တစ်ခုပါ။ ၎င်း Microsoft Word တွင် စာစီစာရိုက်ပြုလုပ်ရန် အတွက် အသုံးပြုတဲ့ Tools တွေ အများကြီးပါဝင်ပါတယ်။

ထို့ပြင် Page Layout အတွက် အသုံးပြုရန် Tools များ ၊ Page Style များ ၊ Sample Fonts (နမူနာစာလုံးပုံစံများ) စတဲ့ Function များစွာလည်း ပါဝင်ပါတယ်။ အခြားအားသာချက်အနေနဲ့ကတော့ Microsoft Word ကို အသုံးပြုပြီး Table များဆွဲသားခြင်း ဓာတ်ပုံများထည့်သွင်းဖန်တီးခြင်း ၊ စာရင်းဇယား File များ ပြုလုပ်ဖန်တီးခြင်း ၊ Watermark လို့ခေါ်တဲ့ ရေစာများ ပြုလုပ်ဖန်တီးခြင်း စတာတွေ အတွက် အလွန်ကောင်းမွန်တဲ့ Application တစ်ခု ဖြစ်ပါတယ်။  

           Microsoft Word Program ရဲ့ Feature တွေကတော့ အများကြီးပါပဲ။ English စာလုံးပေါင်း နဲ့ Grammer ကို Check လုပ်ပေးတဲ့ Feature တွေ ၊ Word File မှ E Mail သို့ တိုက်ရိုက်ပို့နိုင်တဲ့ Feature တွေ စသည်ဖြင့် အလွန်တရာ များပြားလှပါတယ်။ Microsoft Word မှာ သတိထားသင့်တဲ့ အချက်တစ်ချက်ကတော့ Microsoft Word Version ဖြစ်ပါတယ်။ ဒါကတော့ ဗဟုသုတ အနေဖြင့် သိထားသင့်တာပါ။

လူသုံးအများဆုံး Version တွေကတော့ Microsoft Word 2003 , Microsoft Word 2007 , Microsoft 2010 , Microsoft 2013 စတာတွေ ဖြစ်ပါတယ်။ Version တွေ ကွဲပြားတာနှင့်အမျှ ထပ်မံပါဝင်လာတဲ့ Feature တွေလည်း များပြားလာပါတယ်။ Version မြင့်လာလို့ ပိုပြီးခက်လာတာမဟုတ်ပါဘူး။ လုပ်ဆောင်ချက်အသစ်တွေ ပိုမိုပါဝင်လာပြီး Software ဟာ ပိုမိုပြီးကောင်းမွန်လာတာ ဖြစ်ပါတယ်။

သင့်အနေဖြင့် Microsoft Word 2007 ပဲသုံးသုံး Microsoft Word 2010 ပဲသုံးသုံး နှစ်သက်ရာ Version တစ်ခုခုကို အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် Software တွေရဲ့ သဘောတရားဟာ Version မြင့်ပြီး ပိုကောင်းလာတာနှင့်အမျှ သင့်ကွန်ပျူတာရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။

ဆိုလိုတာကတော့ Software တွေ Version မြင့်လာလေလေ ကွန်ပျူတာရဲ့ CPU , RAM စတာတွေကို ပိုမိုအသုံးပြုလေလေ ဖြစ်ပါတယ်။ ဒါကြောင့် သင့်ကွန်ပျူတာနှင့် ကိုက်ညီမှုရှိတဲ့ Version တစ်မျိုးမျိုးကို ရွေးချယ်ပြီး အသုံးပြုနိုင် ပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.