Lesson 2 Template တစ်ခုကို ဖန်တီးခြင်း
Lesson 2 Template တစ်ခုကို ဖန်တီးခြင်း
ယခု Microsoft Word ကိုမလေ့လာမီ Template တစ်ခု ပြုလုပ် ဖန်တီးပုံကိုပထမဆုံးအနေဖြင့် အရင် ရှင်းပြပါမယ်။ Template ဆိုတာ အသင့်ပြုလုပ်ထားပြီးသား နမူနာ Form ပုံစံကို Template လို့ခေါ်ပါတယ်။ Template တွေကို အသုံးမပြုပဲ Document တွေကို သင့်စိတ်ကြိုက်ဖန်တီးပြုလုပ်မယ်ဆိုရင်လည်း ရပါတယ်။ ဒါပေမယ့် Template ဆိုတာ ဘာလဲ ? Template ကို ဘယ်လိုအခြေအနေမှာ သုံးသလဲ ဆိုတာကိုတော့ သိထားသင့်ပါတယ်။
Template ကိုအလွယ်ဆုံး အဓိပ္ပါယ်ဖွင့်ဆိုမယ်ဆိုရင်တော့ Document Type (Document အမျိုးအစား) လို့ဆိုနိုင်ပါတယ်။ နောက်တစ်မျိုးထပ်ပြောရမယ်ဆိုရင်တော့ Form ပုံစံကို ဆိုတာပါ။ ဥပမာ စီးပွားရေးလုပ်ငန်းတစ်ခုရှိတယ်ဆိုပါစို့ ။ အဲဒီစီးပွားရေး လုပ်ငန်းမှာ စံပုံစံအနေဖြင့် သတ်မှတ်အသုံးပြုထားတဲ့ စာလုံးပုံစံ(Fonts) တွေ၊ စာပုံစံဒီဇိုင်း (Layout) တွေ၊ ဘေးမျဉ်း(Margin) တွေ စတဲ့ သူတို့အသုံးပြုတဲ့ပုံစံတွေကို Microsoft Word မှာတစ်ခါတည်း သတ်မှတ်ထားပြီး ကိုယ်ပိုင် Template တည်ဆောက်ထားလို့ရပါတယ်။ ဒါဆို နောက်ထပ် စာတစ်စောင်ထပ်ရိုက်မယ်ဆိုရင် အသင့်ပြုလုပ်ပြီးသား Template ကိုအသုံးပြုလိုက်ယုံပါပဲ။ စာလုံးအရွယ်အစား၊ Margin ၊ Layout တွေကို အသေးစိပ် လိုက်ပြောင်းနေမယ်ဆိုရင် အလုပ်ရှုပ်ပြီး အချိန်ပိုမိုကုန်စေပါတယ်။ အောက်ဖော်ပြပါပုံတွင် Microsoft Word မှ နမူနာ Template ပုံစံတစ်ခုကိုမြင်တွေ့ရမှာဖြစ်ပါတယ်။
Fig (1)
ယခု ကိုယ်ပိုင် Template တစ်ခုကို လက်တွေ့ပြုလုပ်ဖန်တီးကြည့်ရအောင်။ အရင်ဦးဆုံး Microsoft Word Program ကိုဖွင့်လိုက်ပါ။ ပြီးနောက် Microsoft Office Button ကို နှိပ်ပြီး New ကိုရွေးချယ်ပေးလိုက်ပါ။ ထိုမှတဆင့် Black Document ကိုရွေးချယ်ပြီး Create ကိုရွေးလိုက်ပါ။
Fig (2)
ဒါဆိုရင် Document တစ်ခုကို ရရှိပါပြီ။ အဲဒီ Document မှာ ကျွန်တော်တို့အခု Margin ကိုသတ်မှတ်ပါမယ်။ Page Layout Tag ထဲမှတဆင့် Margins ကိုရွေးပါ။ ပြီးနောက် Custom Margins ကိုရွေးချယ်လိုက်ပါ။
Fig (3)
ပြီးနောက် အောက်ဖော်ပြပါပုံအတိုင်း Top , Button , Outside , Inside စတဲ့နေရာတွေမှာ 2 ကိုရိုက်ထည့်လိုက်ပါ။ Orientation နေရာမှာတော့ Landscape ကိုရွေးထားပါတယ်။ ပြီးနောက် Ok ကိုနှိပ်လိုက်ပါ။
Fig (4)
ဒါဆိုရင် သင်ပြုလုပ်သတ်မှတ်လိုက်တဲ့အတိုင်း စာရွက်အလွတ်တစ်ရွက်ရရှိလာမှာ ဖြစ်ပါတယ်။ အဲဒီစာရွက်မှာ သင်အသုံးပြုလိုတဲ့ စာလုံး အရွယ်အစား၊ အရောင်၊ စတာတွေကိုပါ တစ်ခါတည်း သတ်မှတ်ထားလို့ရပါတယ်။ အောက်က နမူနာ Template ပုံကိုကြည့်ပါ။
Fig (5)
အားလုံးပြီးသွားပြီဆိုရင်တော့ Microsoft Word Button ကိုနှိပ်ပြီး Save As ကိုရွေးလိုက်ပါ။ File Name နေရာမှာ My Template ဆိုပြီး အမည်ပေးပါ။ Save As Type မှာတော့ Word Template ကိုပြောင်းလဲသတ်မှတ်လိုက်ပါ။ အားလုံးပြီးသွားရင်တော့ Save ကိုနှိပ်လိုက်ပါ။
Fig (6)
အခုဆိုရင် Template တစ်ခုကို သင်ကိုယ်တိုင်ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။ နောက်တစ်ကြိမ်၎င်း Template ကို Open လုပ်ပြီး အကြိမ်ကြိမ် အသုံးပြုလို့ရပါပြီ။