Magnify တစ်ခု ပြုလုပ်ခြင်း (4)
ယခု ဆက်လက်ပြုလုပ်မှာကတော့ မှန်ဘီလူးမှန်သား ဖြစ်ပါတယ်။ ဒါကြောင့် Ctrl+Shift + N ကိုတွဲနှိပ်ကာ New Layer တစ်ခုကို ခေါ်ယူလိုက်ပါမယ်။ ပြီးနောက် ဘယ်ဖက် Tool Box မှ စက်ဝိုင်းကိုယူကာ အ၀ိုင်းတစ်ဝိုင်း ရေးဆွဲပေးရပါမယ်။
ဒီလို ရေးဆွဲရာမှာ စက်ဝိုင်းကိုညီညာစွာ ရရှိစေရန်အတွက် Shift Key ကို ဖိထားရန် လိုအပ်ပါတယ်။ စက်ဝိုင်းကိုရေးဆွဲပြီးနောက် Edit Menu ထဲသို့သွားပါ။ ပြီးနောက် Stroke ကို ရွေးပေးလိုက်ပါ။
Width မှာတော့ 10 လောက် ထားပါ။ Color ကိုတော့ စောစောက လက်ကိုင်ရေးဆွဲစဉ်ကအတိုင်း ခဲရောင်ကိုသာ ရွေးချယ်ပေးလိုက်ပါ။ Location ကတော့ Center မှာသာရှိနေရန် လိုအပ်ပါတယ်။
ဒါဆိုရင် အောက်ပါပုံအတိုင်း ခဲရောင် အ၀ိုင်းတစ်ဝိုင်းကို ရရှိလာမှာ ဖြစ်ပါတယ်။