Malware များ မိုဘိုင်းဖုန်းများကို အဓိက ပစ်မှတ်ထားလာ

Written by S.N.O Published in 27 May 2014

      လွန်ခဲ့တဲ့ ရက်အနည်းငယ်က လုံခြုံရေးဆိုင်ရာ သုတေသီများမှ ထုတ်ဖော်ပြောကြားချက်အရ Google Play စတိုးတွင် Malicious Application များစွာ ပျံ့နှံ့နေကြောင်း သိရပါတယ်။ ဒီလိုမျိုး အန္တရာယ်ရှိတဲ့ မိုဘိုင်း Application တွေကို ကာကွယ်ရန်အတွက် လုံခြုံရေးဆိုင်ရာ Security Application တစ်ခုကို သင့်ရဲ့ မိုဘိုင်းဖုန်းအတွင်း Install ပြုလုပ်ကာ ထည့်သွင်းအသုံးပြုထားသင့်ကြောင်း သတိပေးထုတ်ပြန်ခဲ့ပါတယ်။

ဒီလိုမျိုး အန္တရာယ်ရှိတဲ့ Application များ သင့်ရဲ့ဖုန်းအတွင်း ထည့်သွင်းအသုံးပြု မိတဲ့အခါမှာ ၎င်း Application ဟာ သင့်ရဲ့ မိုဘိုင်းဖုန်းအတွင်းရှိ Data အချက်အလက်များကို ခိုးယူနိုင်ခြင်း၊ ဘဏ်အကောင့်နှင့် Credit ကဒ်နံပါတ်များကိုလည်း ခိုးယူသွားနိုင်ကြောင်း သိရပါတယ်။

လုံခြုံရေးဆိုင်ရာ ပညာရှင်တစ်ဦးဖြစ်တဲ့ Brandt မှ ပြောကြားချက်အရ Honey Pot ဆိုသည့် အင်တာနက်ဆာဗာကိုတည်ဆောက်ထားပြီး Malware ပို့လွှတ်သူများကို ထောက်လှမ်းလျက်ရှိကြောင်း ၊ ၎င်း ဆာဗာတွင် လုံခြုံရေးဆိုင်ရာပညာရှင်များမှ Malware ပို့လွှတ်သူများအား အမြဲစောင့်ကြည့်နေမည် ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အထူးသဖြင့် ရာဇဝတ်မှု အဖြစ်အများဆုံး နေရာများရှိ ဘဏ်များတွင်လည်း လုံခြုံရေးကင်မရာများ တပ်ဆင်ထားသင့်ကြောင်း၊ ဟက်ကာများကိုလည်း အမြဲတစေ စောင့်ကြည့်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ မကြာမှီကာလအတွင်း Brandt ဟာ သူ့ရဲ့ Android ဖုန်းအတွင်း အန္တရာယ်ရှိတဲ့ Malicious Appliction တစ်ခုကို တွေ့ရှိခဲ့ကြောင်း ၎င်း Application ဟာ Credit ကဒ်ကို အသုံးပြုပြီး ၎င်းရဲ့ ဆာဗာတွင် Subscrib ပြုလုပ်ရန် တောင်းဆိုထားကြောင်း ပြောကြားခဲ့ပါတယ်။

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.