Manage Slides
ဒီသင်ခန်းစာကတော့ PowerPoint Presentation တစ်ခုအတွင်း ထည့်သွင်းအသုံးပြုထားတဲ့ Slide များနှင့် ပတ်သက်ပြီး အသေးစိတ်ပြင်ဆင်ခြင်း၊ Layout ချခြင်း၊ ပုံများထည့်သွင်းခြင်း၊ စာများထည့်သွင်းခြင်း အစရှိသဖြင့် Slide နှင့် ပတ်သက်၍ Manage ပြုလုပ်ပုံအဆင့်ဆင့်ကို လေ့လာရမှာ ဖြစ်ပါတယ်။
PowerPoint 2013 ကို Open လုပ်ပြီး File New တစ်ခုကို ဖန်တီးထားရပါမယ်။ ပြီးနောက် Navigation Pane မှတစ်ဆင့် Add New Slide ကို ရွေးချယ်ပြီး နောက်ထပ် Slide တစ်ခုကို ထပ်မံထည့်သွင်းထားရပါမယ်။
Fig (11)
အခုဆိုရင် သင်ပြုလုပ်ဖန်တီးထားတဲ့ Project အတွင်း Slide နှစ်ခု ရရှိသွားပြီ ဖြစ်ပါတယ်။ ပြီးနောက် Slide နဲ့ပတ်သက်ပြီး Layout ကို ပြင်ဆင်ပါမယ်။ Slide ပေါ်တွင် Right Click နှိပ်၍ Layout ကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။
Fig (12)
PowerPoint ဆော့ဖ်ဝဲဟာ SlideShow ပြုလုပ်ရာမှာ Slide တစ်ခုနှင့်တစ်ခု ပုံစံ Layout များကို အလွယ်တကူ ပြောင်းလဲပေးနိုင်သည့် Feature များစွာ ပါဝင်ပါတယ်။ သင် ပထမဦးဆုံး ရွေးချယ်ထားတဲ့ Template ပေါ်မူတည်၍ Slide Layout အပြင်အဆင်ပုံစံများစွာကို ထည့်သွင်းပေးထားပါတယ်။
Slide အရောင်များကိုတော့ ပုံစံတူများကိုသာ အသုံးပြုထားပါတယ်။ အခု ရွေးချယ်လိုက်တဲ့ Slide ကတော့ Content နှစ်ခုပါဝင်သော Slide အမျိုးအစား ဖြစ်ပါတယ်။ ဒီတော့ Slide တစ်ခုချင်းစီအလိုက် နှစ်သက်ရာ Content များကို သီးခြားထည့်သွင်း အသုံးပြုနိုင်ပါတယ်။