Managing Section
Power Point မှာ Slide များကို Section များအနေဖြင့် သတ်မှတ်ထားနိုင်ပါတယ်။ Section ဆိုတာကတော့ Slide များကို Intro , Body အစရှိသဖြင့် အပိုဒ် ခွဲထားခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။ အလွယ်ပြောရရင်တော့ Slide များကို အုပ်စုဖွဲ့ Group လုပ်ထားတာကို ပြောတာပါ။
Slide များကို Sections ပြုလုပ်ရာမှာ Normal View မှ သော်လည်းကောင်း ၊ Slide Sorter View မှသော် လည်းကောင်း ပြုလုပ်ဆောင်ရွက်နိုင်ပါတယ်။
Normal View သို့မဟုတ် Slide Sorter View တွင် Section ထည့်သွင်းလိုသော Slide တွေကို အရင်ဆုံးရှာဖွေပါ။ပြီးနောက် Slide နှစ်ခုအကြား Right Click နှိပ်လိုက်ပါ။ Add Section ကို ရွေးချယ်ပေးလိုက်ပါ။
ဒါဆိုရင် အောက်ကပုံအတိုင်း section အသစ်တစ်ခု ရရှိလာမှာ ဖြစ်ပါတယ်။
၎င်း Section ကို သင်နှစ်သက်ရာ အမည်တစ်ခုခု ပြောင်းလဲသတ်မှတ်ရန်အတွက် Section ပေါ်တွင် Right Click နှိပ်လိုက်ပါ။ ပြီးနောက် Rename Section ကို ရွေးချယ်ပေးလိုက်ပါ။
နှစ်သက်ရာ အမည်တစ်ခုခု ကို ပြောင်းလဲ ရိုက်လိုက်ပါ။
ဒါဆိုရင် Slide များကို ယခုလိုမျိုး Section ခွဲခြားသတ်မှတ်နိုင်သွားပြီ ဖြစ်ပါတယ်။
ဒီလို Section များအလိုက် ခွဲခြားသတ်မှတ်ထားခြင်းအားဖြင့် Slide များကို Arrange ပြုလုပ်ရာမှာ Section အလိုက် ရွှေ့ပြောင်းပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။