Marble Effect တစ်ခုကို ဖန်တီးခြင်း (1)
အခုဖော်ပြပေးလိုက်တဲ့ Tutorial ကတော့ Marble ပုံစံ တနည်းအားဖြင့် စကျင်ကျောက်ပုံစံ Effect တစ်ခု ပြုလုပ်နည်းဖြစ်ပါတယ်။ ဒီ Marble ကို ပြုလုပ်နိုင်သွားပြီဆိုရင်တော့ သင်အနေဖြင့် Effect များရဲ့အသုံးပြုပုံ ၊ Filter များရဲ့ အသုံးပြုပုံကို နားလည်သဘောပေါက်လာမှာ ဖြစ်ပါတယ်။
ဒီ Marble ရဲ့ အဓိက အချက်ကတော့ Filter များကို ပေါင်းစပ်အသုံးပြုခြင်းဖြစ်ပါတယ်။ Filter များဟာ တစ်မျိုးတည်းအသုံးပြုရုံဖြင့် လှပကောင်းမွန်သော Effect များ မရရှိနိုင်ပါဘူး။ သူတို့ကို သက်ဆိုင်ရာ အခြား Filter များနှင့်ပေါင်းစပ်အသုံးပြုမှသာ ဆန်းပြားတဲ့ Effect များကို ရရှိလာမှာ ဖြစ်ပါတယ်။
Step (1) New Document တစ်ခုကို ဖန်တီးခြင်း
Marble ပုံစံ Effect တစ်ခုကို ဖန်တီးတည်ဆောက်ရန်အတွက် အရင်ဦးဆုံး New Document တစ်ခုကို ပြုလုပ်ဖန်တီးထားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် Photoshop CS 5 ကို ဖွင့်လိုက်ပါမယ်။
ပြီးနောက် File > New Document ကို ရွေးချယ်လိုက်ပါမယ်။ Document အရွယ်အစားကတော့ 6 x 4 ဖြစ်ပါတယ်။
Step (2) Foreground နဲ့ Background အရောင်ကို ပြောင်းလဲခြင်း
ထို့နောက် Foreground Color နေရာမှာ အနက်ရောင်ကို ရွေးချယ်ထားရမှာ ဖြစ်ပါတယ်။ Background Color ကတော့ အဖြူရောင်အနေဖြင့် ရှိနေရမှာ ဖြစ်ပါတယ်။ တကယ်လို့ Foreground နဲ့ Background နေရာမှာ အခြားအရောင်တွေ ဖြစ်နေခဲ့လျှင် Keyborad မှ X ကို တစ်ချက်နှိပ်လိုက်ပါ။ သူ့ရဲ့သဘောကတော့ Default Color ကို ပြောင်းလဲပေးခြင်း ဖြစ်ပါတယ်။
Foreground နေရာမှာ အနက်ကို ရှိစေချင်တဲ့အတွက်ကြောင့် D ကို တစ်ချက်နှိပ်လိုက်ပါမယ်။ ဒါဆိုရင် Foreground နဲ့ Background အရောင်များကို ပြောင်းလဲပေးသွားမှာ ဖြစ်ပါတယ်။
ဒီ အဆင့်မှာ သင့်အတွက် မှတ်သားစရာတစ်ချက်ကတော့ အရောင်များကို Default အနေဖြင့် ပြန်လည်ပြုလုပ်ခြင်းနှင့် Foreground နဲ့ Background ကို နေရာပြောင်းလဲခြင်း များဖြစ်ပါတယ်။