Marble Effect တစ်ခုကို ဖန်တီးခြင်း (2)
Step (3) Cloud Filter ကိုအသုံးပြုခြင်း
ဆက်လက်ပြီး Cloud Filter တစ်ခုကို ဒီ Layer ထဲမှာ ပေါင်းစပ်အသုံးပြုပါမယ်။ ဒါကြောင့် Filter Menu ထဲကို သွားပါ။ ပြီးနောက် Render > Cloud ကို ရွေးချယ်ပေးလိုက်ပါ။
ဒါဆိုရင် လက်ရှိ ပြုလုပ်ဖန်တီးထားတဲ့ Document အတွင်းသို့ Cloud ပုံစံ Effect တစ်မျိုး ဝင်လာတာကို တွေ့ရပါလိမ့်မယ်။
ဒီလိုမျိုး Cloud Filter တစ်ခုရဲ့ပုံကို မကြိုက်ပဲ အခြား Cloud ပုံစံကို လိုချင်တယ်ဆိုရင်တော့ Ctrl + F ကိုနှိပ်ကာ အခြားပုံသဏ္ဍန်များ ပြောင်းလဲ ရယူနိုင်ပါတယ်။