Marble Effect တစ်ခုကို ဖန်တီးခြင်း (3)

Written by S.N.O Published in 24 Oct 2014

Step (4) Difference Cloud ကို အသုံးပြုခြင်း

Cloud Effect မှာ ပါဝင်တဲ့ လိုင်းလေးများကို ပိုမိုထင်ရှားစေရန်အတွက် Difference  Cloud ကို အသုံးပြုနိုင်ပါတယ်။ ဒါကြောင့် Filter > Render > Difference Cloud ကို ရွေးချယ်ပေးလိုက်ပါမယ်။

 

 

ဒါဆိုရင် Cloud Filter မှာ အသုံးပြုထားတဲ့ လိုင်းတွေဟာ ပိုမိုပြီးထင်ရှားလာတာကို တွေ့ရပါလိမ့်မယ်။ အခုဆိုရင် Filter နှစ်မျိုး ပေါင်းစပ်အသုံးပြုခြင်းကြောင့် အနက်ရောင်လိုင်းထူထူနဲ့ Cloud Effect တစ်ခုကို ရရှိလာပြီ ဖြစ်ပါတယ်။

 

 

Step (5) အလင်းအမှောင်ကို ပြင်ဆင်ခြင်း

ဆက်လက်လေ့လာရမှာကတော့ အလင်းအမှောင်ကို အသုံးပြုပြီး အနက်ရောင်လိုင်းများကို ပိုမိုထင်ရှားစေရန် ပြုလုပ်နည်းဖြစ်ပါတယ်။ Image Menu ထဲမှ Adjustments > Levels ကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ Keyboard Shortcut အနေဖြင့် Ctrl+L ကို အသုံးပြုနိုင်ပါတယ်။

 

 

ပြီးနောက် အနက်ရောင်လိုင်းလေးများကိုသာ လိုချင်တဲ့အတွက်ကြောင့် အနက်ရောင်ကို ချပေးထားပါတယ်။ သင်ပြုလုပ်ထားတဲ့ Cloud Effect အလိုက် သင့်စိတ်ကြိုက် ချိန်ညှိပေးနိုင်ပါတယ်။ အလယ်မှာရှိတဲ့ ခဲရောင် Point လေးကို အနက်ဖက်ကို တိုးထားပေးပါတယ်။ အဖြူရောင်ကိုလည်း အနက်ဖက်ကို တိုးထားပေးပါတယ်။လက်ရှိ ကျွန်တော်တို့ပြုလုပ်ထားတဲ့ Cloud Effect အလိုက် ချိန်ညှိထားတဲ့ Setting ကို အောက်တွင် လေ့လာကြည့်ပါ။

 

 

ဒါဆိုရင် အောက်ပါပုံအတိုင်း အနက်ရောင်လိုင်းများသာ ပါဝင်တဲ့ပုံတစ်ပုံကို ရရှိလာမှာ ဖြစ်ပါတယ်။

 

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.