Marble Effect တစ်ခုကို ဖန်တီးခြင်း (4)
Step (6) အရောင် ထည့်သွင်းခြင်း
အခု ဒီလို အဖြူအမဲပုံကို အရောင်များထည့်သွင်းပါမယ်။ ပထမအစမှာ ဘာလို့အရောင်နဲ့ မပြုလုပ်ထားသလဲဆိုတော့ အခြားအရောင်များမှာဆိုလျှင် ဒီလို လိုင်းများရရှိဖို့ မလွယ်ကူလို့ ဖြစ်ပါတယ်။ ဒါကြောင့် အဖြူအမဲကို အရင်ဖန်တီးပြီးမှ စိတ်ကြိုက်အခြားအရောင်များအဖြစ် ပြောင်းလဲရမှာ ဖြစ်ပါတယ်။
အရောင်များ ပြောင်းလဲရန်အတွက် Image Menu ထဲမှတဆင့် Adjustments > Hue /Saturation ကို ရွေးချယ်ပေးလိုက်ပါမယ်။ Shortcut အနေဖြင့် Ctrl+U ကို အသုံးပြုနိုင်ပါတယ်။
Hue / Saturation Box ရဲ့အောက်မှာရှိတဲ့ Colorize နေရာမှာ အမှန်ခြစ်လေးထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ ဒါမှသာ အနက်ရောင်လိုင်းများနေရာမှာ အရောင်များ အစားထိုးဝင်သွားမှာ ဖြစ်ပါတယ်။ စကျင်ကျောက်ပုံစံလိုချင်တဲ့အတွက်ကြောင့် အစိမ်းနုရောင်ကို ရွေးပေးလိုက်ပါမယ်။ Hue နေရာမှာ 151 ကို ပြောင်းလဲလိုက်ပါတယ်။ Saturation နေရာမှာကတော့ 25 ကို ပြောင်းလဲပေးလိုက်ပါမယ်။
သင့်အနေဖြင့် အခြားအရောင်တစ်မျိုးအနေဖြင့် အစားထိုး ဖန်တီးချင်တယ်ဆိုရင်တော့ Hue နေရာမှာ အခြားအရောင် တစ်မျိုးမျိုးကို ပြောင်းလဲရွေးချယ်နိုင်ပါတယ်။
ဒါဆိုရင် အောက်ကပုံအတိုင်း အစိမ်းရောင်ကျောက်သားပုံစံ ပုံတစ်ပုံအနေဖြင့် ရရှိလာမှာ ဖြစ်ပါတယ်။
ဒီအဆင့်မှာ အရေးကြီးတာကတော့ Hue/ Saturation ဖြစ်ပါတယ်။ ဒီ Hue/ Saturation ဟာ ဓါတ်ပုံများမှာ ဆံပင်ရောင်ပြောင်းခြင်း၊ အသားအရေအရောင် ပြောင်းခြင်းများမှာလည်း အသုံးပြုနိုင်ပါတယ်။