Marble Effect တစ်ခုကို ဖန်တီးခြင်း (5)

Written by S.N.O Published in 24 Oct 2014

Step (7) Blur Effect ကို အသုံးပြုခြင်း
    
             ဒီအဆင့်မှာကတော့ လက်ရှိဖန်တီးထားတဲ့ Marble ကို ပိုပြီးအသက်ဝင်အောင် ပြုလုပ်ဖန်တီးတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်ဖက် Layer Panel မှာ လက်ရှိ ဖန်တီးထားတဲ့ Layer ကို နောက်ထပ် ကော်ပီပြုလုပ်ထားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် Ctrl+J ကိုနှိပ်ပြီး Layer ကို နှစ်ခုကော်ပီပွားယူထားလိုက်ပါ။

 

 

အသစ်ပွားယူလိုက်တဲ့ layer 0 copy ဆိုတဲ့ Layer ကို ရွေးချယ်ထားလိုက်ပါ။ ပြီးနောက် Filter ထဲမှ Blur > Gaussian Blur ကို ရွေးချယ်ပေးလိုက်ပါ။

 

 

 

Radius: နေရာတွင် 5 Pixels ကိုသာ ရွေးချယ်ပေးလိုက်ပါ။ Gaussian Blur ရဲ့ သဘောတရားဟာ ပုံတစ်ပုံမှာပါဝင်တဲ့ Pixels များကို ဝေဝါးအောင် ပြုလုပ်ခြင်းဖြစ်ပါတယ်။

Radius:5 လို့ ပြောလိုက်တာဟာ Pixels ငါးမျိုးကို ပေါင်းစပ်ပြီး ဝေဝါးအောင် ပြုလုပ်ခြင်းဖြစ်တယ်လို့ ပြောတာ ဖြစ်ပါတယ်။

 

 

Step (8) Layer နှစ်မျိုးကို ပေါင်းစပ်အသုံးပြုခြင်း

   
            အခုပုံမှန် Layer နဲ့ Blur ပြုလုပ်ထားတဲ့ Layer နှစ်မျိုးကို ပေါင်းစပ်အသုံးပြုပါမယ်။ ဒါကြောင့်ညာဖက် Layer Panel မှာရှိတဲ့ Blur ပြုလုပ်ထားတဲ့ Layer ကို ရွေးပေးပါ။ ပြီးနောက် Layer Mode နေရာမှာ Darken ကို ရွေးလိုက်ပါ။

 

 

Opacity ကိုတော့ 50 ဝန်းကျင်လောက် သတ်မှတ်ပေးလိုက်ပါ။ ဒါဆိုရင် Blur ပြုလုပ်ထားတဲ့ Layer နဲ့ ပုံမှန် Layer ရဲ့ပေါင်းစပ်ထားတဲ့ ပုံတစ်ပုံကို ရရှိလာမှာ ဖြစ်ပါတယ်။

 

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.