Microsoft မှ ၎င်းရဲ့ Xbox Entertainment Studio လုပ်ငန်းကို ဖျက်သိမ်း

Written by S.N.O Published in 28 Jul 2014

    Microsoft မှ ကုမ္ပဏီ၏ ဖွဲ့စည်းပုံကို ပြင်ဆင်လိုက်ပြီးသည့်နောက်ပိုင်း ၎င်းကုမ္ပဏီရဲ့ ၀န်ဆောင်မှုတစ်ရပ်ဖြစ်တဲ့ Xbox Entertainment လုပ်ငန်းကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ကြေညာပြောဆိုသွားပါတယ်။ Xbox Entertainment လုပ်ငန်းစဉ်ဟာ လွန်ခဲ့တဲ့၂နှစ်အတွင်းက Microsoft မှ စတင် တည်ထောင်ထားတဲ့ လုပ်ငန်းဖြစ်ပြီး Xbox Platform အတွက် ဗီဒီယို Programming ပြုလုပ်သည့် စတီဒီယိုတစ်ခု ဖြစ်ပါတယ်။

ယခုလို ဖျက်သိမ်းလိုက်သည့် အတွက်ကြောင့် ကယ်လီဖိုးနီးယားပြည်နယ် အတွင်းရှိ Santa Monica မှအလုပ်သမား 200 ကျော်ဟာ အလုပ်ရပ်ဆိုင်းခဲ့ရပြီး ၎င်းတို့ ပြုလုပ်ခဲ့တဲ့ နာမည်ကြီး ဗီဒီယို Project တွေကတော့ Halo , Nightfall တို့ကိုတော့ Microsoft မှ ဆက်လက် ထုတ်လုပ်သွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

 

 

ဒါပေမယ့် Xbox ဟာ NFL ကဲ့သို့ အားကစားအစီအစဉ်များကိုတော့ ဆက်လက်ထုတ်လွှင့်သွားဖွယ်ရှိကြောင်း Xbox မှ တာဝန်ရှိသူ Phil Spencer မှ ရေးသားပြောဆိုထားပါတယ်။

Microsoft ရဲ့ယခုလို လုပ်ငန်း ရပ်ဆိုင်းမှုနှင့် ပါတ်သက်ပြီး အခြား ဖျော်ဖြေရေး လုပ်ငန်းစဉ်များကို ထောက်ပံ့လျှက်ရှိသော ၎င်းရဲ့ Partner များအနေနဲ့ကတော့ အားကစား အစီအစဉ်များ ၊ တီဗီအစီအစဉ်များကို ဆက်လက် ထုတ်လွှင့်မှာ ဖြစ်တဲ့အတွက်ကြောင့် မည်သို့မျှ ပြောင်းလဲမှု တစ်စုံတစ်ရာရှိမှာ မဟုတ်ကြောင်း ၊ ယခု ပြောင်းလဲမှုဟာ အဖွဲ့အစည်းအနေဖြင့်သာ ပြောင်းလဲမှုများ ဖြစ်သွားကြောင်း Microsoft မှ ရှင်းလင်း ပြောကြားခဲ့ပါတယ်။

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.