Microsoft မှ Surface Pro 3 ရဲ့ အပူလွန်ကဲမှု ပြဿနာကို အမြန်ဆုံး ဖြေရှင်းသွားဖွယ်ရှိ
Microsoft ကုမ္ပဏီမှ ထုတ်လုပ်ထားတဲ့ Surface Pro 3 Tablet ၏ အပူချိန် လွန်စွာ မြင့်တက်ပြီး အပူလွန်ကဲမှု ဖြစ်ပွားသည့် ပြဿနာအား အမြန်ဆုံး ဖြေရှင်းပေးသွားဖွယ်ရှိကြောင်း သတင်းဌာနများမှ ထုတ်ပြန်ထားပါတယ်။
အသုံးပြုသူများအနေဖြင့် Surfact Pro 3 နှင့် ပတ်သက်ပြီး Complaint များ အလွန်များခဲ့ပြီး အပူလွန်ကဲမှုကြောင့် Windwos OS အတွင်း Error များ ဖြစ်ပွားလျှက်ရှိကြောင်းလည်း ပြောကြားထားတာကို တွေ့ရပါတယ်။
လက်ရှိ လောလောဆယ်မှာတော့ Microsoft အနေဖြင့် အပူချိန် အလွန်မြင့်မားလာတဲ့အထိ အသုံးမပြုသင့်ကြောင်း ၊ အပူချိန်လွန်ကဲလာမှုကို ဖော်ပြသော သတိပေးချက် ပေါ်လာပါက ၎င်း Tablet ကို အနားပေးသင့်ကြောင်း ဒီလို အပူချိန်မြင့်တက်လာရခြင်းမှာ Power သုံးစွဲမှု များလွန်းတာနှင့်အမျှ Fun Speed ပိုမိုမြန်ဆန်လာရာမှ စတင်ခဲ့ကြောင်း ရှင်းလင်းပြောကြားသွားပါတယ်။
Surface Pro 3 ဟာ Core i7 Processor ကို အသုံးပြုထားတာကြောင့် ပုံမှန်အားဖြင့်ဆိုလျှင် စွမ်းအင်အသုံးပြုမှု လျှော့နည်းပြီး အပူချိန်မြင့်တက်လာမှုကို အတော်လေး ကာကွယ်ပေးနိုင်ပါတယ်။
ဒါပေမယ့်ယခု Surface Pro 3 မှာတော့ အပူချိန် လွန်ကဲမှုပြဿနာနှင့် ကြုံနေရပြီး User များ အနေဖြင့် စိတ်ပျက်ဖွယ် အတွေ့အကြုံအသစ်များနှင့် ရင်ဆိုင်နေရပါတယ်။
Microsoft အနေဖြင့် ဒီပြဿနာရဲ့ အရင်းအမြစ်ကို မကြာမီ ဖော်ထုတ်ပေးသွားမှာ ဖြစ်ပြီး Surface Pro 3 နဲ့ ပတ်သက်သော Update များကိုလည်း မကြာမီ ထုတ်လုပ်ပေးသွားမှာ ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသွားပါတယ်။