Microsoft မှ Windows 8.1 update ကို သြဂုတ်လအတွင်း ထုတ်လုပ်မည်ဟု ရုရှားဝဘ်ဆိုက်မှာ ဖော်ပြ

Written by S.N.O Published in 29 Jul 2014

    Microsoft ကုမ္ပဏီမှ Windows 8.1 Update ကို လာမည့်သြဂုတ်လအတွင်း ထုတ်လုပ်ပေးတော့မှာ ဖြစ်ကြောင်း သတင်းတစ်ရပ် ထွက်ပေါ်လာခဲ့ပါတယ်။ ယခုလို Update ပြုလုပ်ပေးခြင်းနှင့်ပတ်သက်ပြီး ရုရှားနိုင်ငံရှိ PCPortal.org.ru မှာ ရေးသားဖော်ပြချက်မှတဆင့် အပြင်သို့ ပျံ့နှံ့သွားတာဖြစ်ပြီး လာမည့်သြဂုတ်လ 12 ရက်နေ့မှာ Windows 8.1 Update 2 ကို ထုတ်လုပ်ပေးမှာဖြစ်ကြောင်း ၎င်းဝဘ်ဆိုက်မှာ ရေးသားဖော်ပြထားတယ်လို့သတင်းဌာနများမှ ပြောကြားခဲ့ပါတယ်။

 

 

လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း Microsoft ကုမ္ပဏီမှ ၎င်းရဲ့ Windows Patch များကို ထုတ်လုပ်ပေးခဲ့ပြီး Windows 8 ရှိ အားနည်းချက် ယိုပေါက်များကို ပြုပြင်ပေးခဲ့ပါတယ်။ ဒါကြောင့် သြဂုတ်လအတွင်းမှာ Patch Update အသစ် ထပ်မံထုတ်လုပ်ပေးမယ် ဆိုသည့် သတင်းဟာ သံသယ ဖြစ်ဖွယ် သတင်းတစ်ရပ် ဖြစ်ကြောင်း User များမှ ခန့်မှန်းပြောဆိုခဲ့ပါတယ်။

C Net သတင်းဌာနမှ ထုတ်ပြန်ပြောကြားချက်အရ Microsoft ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးမှ Windows 8.1 Update 2 နှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်လုပ်ပေးသွားမှာ မဟုတ်ကြောင်း ရေးသားထားတာကို တွေ့ရပါတယ်။ Microsoft ဟာ Windows 8.1 Update ကို မကြာသေးမီကာလအတွင်းက ထုတ်လုပ်ပေးခဲ့ပြီး ၎င်းတွင် User များ ပိုမိုအဆင်ပြေစေနိုင်မည့် Start Screen , Power Button များကို ထည့်သွင်းပေးထားကြောင်း ၊ Keyboard နှင့် Mouse အသုံးပြုခြင်းအတွက်လည်း Tweak များ ထည့်သွင်းပေးထားကြောင်း C Net မှ ရေးသားဖော်ပြထားပါတယ်။

ဒီတော့ သြဂုတ်လမှာ Microsoft မှ Update 2 ကို ထုတ်လုပ်မည်ဆိုသည့် သတင်းမှာ မှန်ကန်သလား ၊ မမှန်ကန်ဘူးလားဆိုတာဟာ ယခုအချိန်မှာ အငြင်းပွားဖွယ်ရာဖြစ်နေခဲ့ပြီး Update 1 ဟာလည်း User များအတွက် လုံလောက်ကြောင်း Microsoft မှ ပြောကြားထားပါတယ်။

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.