Microsoft ၏ One Drive အား 15 GB အခမဲ့ အသုံးပြုနိုင်
လွန်ခဲ့သော ရက်ပိုင်းအတွင်း Microsoft မှ ထုတ်ပြန်ကြေငြာချက်အရ ၎င်း၏ Cloud Storage တစ်ခုဖြစ်တဲ့ OneDrive အား 15 GB အထိ အခမဲ့ အသုံးပြုနိုင်ကြောင်း ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ Office 365 အသုံးပြုသူများအနေဖြင့်ကတော့ 1TB အထိ အသုံးပြုနိုင်ကြောင်း သိရပါတယ်။
Microsoft ၏ OneDrive ကို အခမဲ့ ရယူ အသုံးပြုပြီး နှစ်သက်ရာ ဓါတ်ပုံ ဗီဒီယိုနှင့် Data ဖိုင်များကို Upload ပြုလုပ်ကာ သိမ်းဆည်းနိုင်ပါတယ်။အခကြေးငွေဖြင့် အသုံးပြုသူများအနေဖြင့် 100 GB အား 1.99 ဒေါ်လာ 200 GB အား 3.99 ဒေါ်လာသို့ဈေးနှုန်းလျော့ချသတ်မှတ်ခဲ့ကြောင်း သိရှိရပါသည်။
OneDrive Service ဟာ Google ၏ SkyDrive Service အားယှဉ်ပြိုင်ရန်အတွက် ထုတ်လုပ်ထားခြင်းဖြစ်ပြီး ယခုကဲ့သို့ သိုလှောင်သိမ်းဆည်းသည့် ပမာဏတိုးမြှင့်လိုက်ခြင်းဟာလည်း ၎င်း၏ Service ကို ပိုမိုအသုံးပြုစေရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။