Microsoft Windows ရဲ့ CD Burning Feature

Written by S.N.O Published in 05 Jun 2014

      Microsoft Windows XP, Windows 7 စတာတွေမှာ မည်သည့် CD-Burning Software မှ အသုံးပြုစရာမလိုဘဲ ပုံတွေ၊ အချက်အလက်တွေကို CD Burn နိုင်ပါတယ်။

Windows မှ တိုက်ရိုက် CD Burn နိုင်ရန်အတွက် အရင်ဆုံး သင့်ဆီမှာ CD အလွတ်လေး တစ်ခုတော့ ရှိရပါမယ်။ ပြီးတော့ CD-RW Drive လို့ ခေါ်တဲ့ ရေးနိုင်ဖတ်နိုင်တဲ့ CD-Drive တစ်ခုလည်း ရှိရပါမယ်။ ဒါဆိုရင်တော့ Windows မှ အခြား မည်သည့် Software မှ အသုံးပြုစရာမလိုပဲ တိုက်ရိုက် CD Burn နိုင်ပါပြီ။

CD နဲ့ပတ်သက်ပြီး အရေးကြီးတဲ့ အချက်တစ်ချက် ရှိပါတယ်။ အဲဒါကတော့  CD မှာ Standard CD ရယ်၊ High Capacity CD ရယ်ဆိုပြီး နှစ်မျိုးရှိပါတယ်။

Standard CD က 650 MB အထိ အချက်အလက်တွေကို သိမ်းဆည်းနိုင်ပြီး၊ High Capacity CD  ကတော့ 850 MB ထိ သိမ်းဆည်းနိုင်ပါလိမ့်မယ်။

 ပြီးရင်တော့ Desktop ပေါ်မှာရှိတဲ့ My Computer ကို Double Click နှိပ်ပြီး ဖွင့်လိုက်ပါ။  ပြီးနောက် My Computer ထဲကမှ copy ကူးချင်တဲ့ File သို့မဟုတ် Folder ကို Right Click ခေါက်ပြီး Copy သို့မဟုတ် Sent to CD Drive လို့ ပြောလိုက်ပါ။ 

 

 

ဒါဆိုရင် သင်ရွေးချယ်ပြီး Send လုပ်လိုက်တဲ့ File လေးဟာ သင့်ရဲ့ CD Drive ထဲကို ရောက်ရှိသွားတာကို တွေ့မြင်ရပါလိမ့်မယ်။

 

 

အခု CD စတင် ကူးတော့မှာ ဖြစ်တဲ့အတွက်ကြောင့် CD Drive အပေါ်မှာ Right Click နှိပ်ပြီး Write These File to CD ကို ရွေးချယ်ပေးလိုက်ပါ။

ဒါဆိုရင်တော့ CD Writing Wizard ပေါ်လာတာကို တွေ့ရပါလိမ့်မယ်။ CD name ကိုတော့ သင်နှစ်သက်ရာအမည် တစ်ခုခု ပေးနိုင်ပါတယ်။ ပြီးနောက် Next ကို နှိပ်လိုက်ပါ။ ထို့နာက် သူ့ရဲ့ ညွှန်ကြားချက်တွေအတိုင်း Follow လုပ်ပြီး CD Burn လိုက်ယုံပါပဲ။ 

 

 

ကျန်တဲ့အဆင့်တွေဟာ CD Burn လုပ်နေတဲ့အဆင့်တွေ ဖြစ်ပါတယ်။ အလွန်လွယ်ကူတဲ့အတွက်ကြောင့် အဆင့်တစ်ခုခြင်းစီ မဖော်ပြတော့ပါဘူး။ ဒီလောက်ဆိုရင်တော့ အခြား CD Burning Software များ အသုံးမပြုပဲ Windows မှ တိုက်ရိုက် CD Burn ပုံကို နားလည်သဘောပေါက်ပြီ ဖြစ်ပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.