Microsoft Word 2013 တွင် PDF Document များကို Edit ပြုလုပ်နိုင်သော Feature ပါဝင်လာ

Written by S.N.O Published in 21 Jun 2014

      Microsoft ကုမ္ပဏီမှ PDF File,  Document များကို အလွယ်တကူ Edit ပြုလုပ်နိုင်ရန်အတွက် Word 2013 တွင် PDF Reflow ဟူသော Feature အသစ်တစ်ခုကိုထည့်သွင်းပေးခဲ့ပါတယ်။

ဒီ Feature ပါဝင်လာခြင်းအားဖြင့် Microsoft Word တွင် PDF Format Document များအား အလွယ်တကူထည့်သွင်းကာ သင်နှစ်သက်သလို Edit ပြုလုပ်ပြန်လည်ပြင်ဆင်ခြင်း၊ PDF Document များအား သင့်စိတ်ကြိုက်ပြင်ဆင်ကာ PDF Format အနေဖြင့် ပြန်လည်သိမ်းဆည်းခြင်းစတာတွေကို အလွယ်တကူ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

 

 

      ထို့ပြင် ဒီလို PDF Format များအား သိမ်းဆည်းခြင်း ၊ ပြန်ဆင်ခြင်းတို့ပြုလုပ်ရန်အတွက် Adobe Acrobat ကိုလည်းထပ်မံထည့်သွင်းရန်မလိုအပ်ကြောင်း Microsoft မှ ပြောကြားခဲ့ပါတယ်။ PDF Document များကို ပြန်လည်ပြင်ဆင်ရာမှာ စာသားများကိုသာမကပဲ အခြား ဓါတ်ပုံများ ၊ Layout များကိုပါ အလွယ်တကူပြန်လည်ပြင်ဆင်နိုင်ပါတယ်။

Microsoft အနေဖြင့် ဒီ Feature ကိုထည့်သွင်းရခြင်းမှာ User များအနေဖြင့် ငွေကုန်သက်သာစေရန်နှင့် Adobe Acrobat အသုံးပြုသူများကိုလည်း Word ကို ပိုမိုအသုံးပြုစေရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း သိရပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.