Mobile Phone တွင် အသုံးပြုနိုင်သည့် အကောင်းဆုံး Camera Application များ

Written by S.N.O Published in 24 May 2014

      Mobile Phone တွင် ပါဝင်သော Camera များဟာ ဖုန်းဈေးနှုန်းအလိုက်၊ ဖုန်း Model အလိုက်၊ အတော်လေး စွမ်းဆောင်ရည် ကောင်းမွန်ကြပါတယ်။ ဒါပေမယ့် အခြားသော Camera Application များ ထည့်သွင်း အသုံးပြုခြင်းအားဖြင့် ပိုမိုထူးခြား ကောင်းမွန်သော ဓါတ်ပုံများကို ရရှိစေပါတယ်။ ဥပမာအားဖြင့် အခြားစွမ်းဆောင်ရည်မြင့် Application များဟာ ဓါတ်ပုံရိုက်ကူးရာမှာ ဖြစ်ပွားတတ်သော အလင်းမလုံလောက်ခြင်း၊ Red Eye ဖြစ်ပေါ်ခြင်း စတာတွေကို ကာကွယ်တားစီးပေးပါတယ်။

ဒီတော့ သင့်ရဲ့ Mobile Phone တွင်း Camera Application တစ်ခုခုကို ထည့်သွင်း အသုံးပြုခြင်းအားဖြင့် ပိုမိုကောင်းမွန်ပြီး လှပတဲ့ ဓါတ်ပုံများကို ရရှိစေမှာ ဖြစ်ပါတယ်။ အောက်တွင် ဖော်ပြထားသော Application များကတော့ Top Ten စာရင်းဝင် Mobile Camera Application များဖြစ်ကြပြီး ၎င်းတို့အနက် နှစ်သက်ရာ တစ်မျိးမျိုးကို ရွေးချယ်အသုံးပြုခြင်းအားဖြင့် ထူးခြားကောင်းမွန်တဲ့ ပုံရိပ်တွေကို ရရှိမှာ အမှန်ပါပဲ ။

 

(1) AFilter (iOS)

AFilter ဟာ ဓါတ်ပုံရိုက်ကူးမှုအတွက် အတော်လေး အထောက်အပံ့ဖြစ်စေမည့် Application တစ်ခု ဖြစ်ပါတယ်။ AFilter တွင် Filter Effect ပေါင်း 200 ကျော်ပါဝင်ပြီး ၎င်းတို့အနက် သင်နှစ်သက်ရာ တစ်မျိုးမျိုးကို ရွေးချယ်ပြီး ဓါတ်ပုံရိုက်ကူးနိုင်ပါတယ်။ AFilter တွင် ဓါတ်ပုံရိုက်ကူးမှုအလိုက် အလင်းအမှောင်၊ Texture Effect များ ၊ Gradient Effect များအပြင် Faux Dust ကဲ့သို့သော Effect များပါ ပါဝင်တာကို တွေ့ရပါတယ်။ AFilter ကို အသုံးပြုနိုင်တဲ့ Operating System ကတော့ iOS ဖြစ်ပါတယ်။ ဒါကြောင့် iPhone, iPad အသုံးပြုသူတွေ အနေဖြင့် အကြိုက်တွေ့စေမည့် Application တစ်ခု ဖြစ်ပါတယ်။

 

(2) VSCO Cam(iOS)

VSCO Cam ကတော့ ဓါတ်ပုံရိုက်ကူးခြင်းအပြင် ဓါတ်ပုံပြင်ဆင်ခြင်းကိုပါ ပူးတွဲလုပ်ဆောင်နိုင်သည့် Application တစ်ခု ဖြစ်ပါတယ်။ ၎င်းတွင် အစွမ်းထက် Photo Editing Tools များစွာပါဝင်ပြီး သင့်အနေဖြင့် ရိုက်ကူးပြီးသား ဓါတ်ပုံများကို VSCO Cam ကို အသုံးပြုပြီး စိတ်ကြိုက် ပြန်လည်ပြင်ဆင်လို့ရပါတယ်။

VSCO Cam တွင် Photo Filter များစွာပါဝင်တဲ့အပြင် Filter များကိုလည်း ပေါင်းစပ်အသုံးပြုနိုင်တဲ့ Feature ထည့်သွင်းပေးထားပါတယ်။ အခြား ထူးထူးခြားခြား ထပ်မံပါဝင်တာတွေကတော့ Exposure ကို ပြုပြင်ပေးနိုင်သည့် Tools များ၊ Social Network များဆီသို့ တိုက်ရိုက် Share လုပ်နိုင်သည့် Feature များ ပါဝင်ပါတယ်။ VSCO ဟာ iOS Application ဖြစ်တာကြောင့် iPhone , iPad တို့အတွင်း ထည့်သွင်းအသုံးပြု ရန်သင့်တော်တဲ့ Application တစ်ခု ဖြစ်ပါတယ်။

 

(3) Instagram (iOS,Android)

Instagram ကတော့ iOS, Windows Phone , Android သုံးမျိုးစလုံးမှာ အသုံးပြုနိုင်တဲ့ Application တစ်ခု ဖြစ်ပါတယ်။ Instagram ဟာလည်း ထူးခြားကောင်းမွန်တဲ့ Photo Editing Application တစ်ခုဖြစ်ပြီး ဓါတ်ပုံပြင်ဆင်လိုသူများ အနေဖြင့် အထူးသင့်တော်တဲ့ Application တစ်ခု ဖြစ်ပါတယ်။

Instagram ရဲ့အားသာချက်ကတော့ ဓါတ်ပုံအပြင် Video ကိုပါ Filter Effect များထည့်သွင်းကာ ရိုက်ကူးနိုင်ပါတယ်။ ထို့ပြင် Effect ထည့်သွင်းပြီး ရိုက်ကူးထားတဲ့ Video File တွေကိုလည်း သီးသန့် Render ပြုလုပ်ရန်မလိုအပ်ပဲ ဖုန်းအတွင်း တိုက်ရိုက်သိမ်းဆည်းနိုင်ပါတယ်။

ဒါကြောင့် Instagram ဟာ Photo , Video သမားများ နှင့်သင့်တော်တဲ့ Application တစ်ခုလို့ ဆိုနိုင်ပါတယ်။ Instagram ဟာ Image Stabilazation နည်းပညာ ပါဝင်တာကြောင့် လက်မငြိမ်သူများနှင့် Camera Shape ကြောင့်ဖြစ်ပေါ်စေသော ပုံရိပ်ဝေဝါးမှုများကိုပါ ကာကွယ်တားဆီးပေးပါတယ်။

 

(4) Camera FV-5

Android Device တွေအတွင်း အလွယ်တကူ ထည့်သွင်းအသုံးပြုကာ Professional Quality ဓါတ်ပုံရိုက်ကူးမှုအတွက် သင့်တော်တဲ့ Application ကောင်းတစ်ခု ဖြစ်ပါတယ်။ Camera FV-5 ဟာ manual ဓါတ်ပုံသမားများ နှစ်သက်စေနိုင်မည့် Application တစ်ခုဖြစ်ပြီး အလင်းအမှောင်၊ အနီးအဝေး စတာတွေကို သင့်စိတ်ကြိုက် Manual ချိန်ပေးလို့ရပါတယ်။

Camera FV-5 လျှပ်တစ်ပြက် ဓါတ်ပုံရိုက်ကူးမှု၊ ညဘက် အလင်းကောင်းစွာ မရတော့တဲ့အချိန် ဓါတ်ပုံရိုက်ကူးမှု ISO ချိန်ညှိ ပေးနိုင်မှု စတဲ့ အားသာချက်များစွာပါဝင်တဲ့ Application ကောင်းတစ်ခု ဖြစ်ပါတယ်။

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.