Most Recent Used နှင့် Jump Lists ကို ဖျက်ခြင်း
Most Recent Used နှင့် Jump Lists ဟာလည်း သင်မကြာသေးခင်က အသုံးပြုခဲ့သော Applications နှင့် Program များ Folder များကို ပြသပေးသည့်နေရာတစ်ခု ဖြစ်ပါတယ်။
သူ့ကို အလွယ်တကူ ဖျက်ချင်တယ်ဆိုရင်တော့ Start Button ကို Right Click နှိပ်လိုက်ပါ။ ပြီးနောက် Properties ကို ရွေးလိုက်ပါ။ ဒါဆိုရင် Taskbar and Start Menu Proeperties ကျလာပါလိမ့်မယ်။
အဲဒီနောက် Store and display recently opened programs in the start menu နှင့် Strore and display recently opened items ... ဆိုသည့် နေရာနှစ်ခုရဲ့ဘေးရှိ အမှန်ခြစ်လေးများကို ဖြုတ်ပစ်လိုက်ပါ။
ပြီးနောက် Apply ကို နှိပ်လိုက်ပါ။ OK ကို ဆက်နှိပ်လိုက်ပါ။ ဒါဆိုရင် မကြာသေးခင်ကအသုံးပြုခဲ့သော Program များကို Jump Lists မှာရော၊ Recent List မှာပါ တွေ့ရတော့မှာ မဟုတ်ပါဘူး။