Motherboard တွင် ပါဝင်သော အစိတ်အပိုင်းများ(1)
အခု ရှင်းလင်းသင်ကြားပေးမည့် သင်ခန်းစာလေးကတော့ သင့်ရဲ့ Computer Motherboard မှာ ပါရှိတဲ့ Component အစိတ်အပိုင်းများ အကြောင်း ဖြစ်ပါတယ်။
Motherboard ဆိုတာကတော့ ကွန်ပျူတာတစ်လုံးအတွက် အရေးကြီးဆုံး Main Circuit Board ဖြစ်ပြီး အခြားသော CUP, RAM , Hard Disk စတာတွေဟာ Motherboard ပေါ်မှတစ်ဆင့် သက်ဆိုင်ရာ လုပ်ငန်းများကို လုပ်ဆောင်ရတာ ဖြစ်ပါတယ်။
Motherboard တွေမှာပါရှိတဲ့ Printed Circuit တွေဟာ အရင်တုန်းကတော့ Single Printed အနေဖြင့်သာ ထုတ်လုပ်ခဲ့ကြပေမယ့် ယခုနောက်ပိုင်းမှာတော့ Double Printed , Trible Printed အစရှိသဖြင့် Printed Circuit များကို နှစ်ထပ် သုံးထပ် အနေဖြင့် ပြုလုပ်ဖန်တီးလာကြပါတယ်။
Motherboard ကို လေ့လာရာတွင် သူ့မှာပါဝင်တဲ့ Component အများကြီးကို မှတ်ထားစရာမလိုပဲ အဓိကကျတဲ့ component တွေကိုသာ ရွေးချယ်ပြီး မှတ်သားထားရင် လုံလောက်ပါတယ်။ Motherboard တစ်ခုကို လေ့လာရာမှာ
1.BIOS Chip
2.Battery
3.Form Factor
4.Type of Processor They Support
5.Chipset
6.Type of Bus & Bus Speed
7.Expansion Slots
8.Memory Slots စတဲ့ Main 8 ခု လောက်ကို သိထားရင် လုံလောက်ပါတယ်။
1. BIOS Chip
Motherboard တိုင်းမှာ သူနဲ့သက်ဆိုင်ရာ BIOS Chip ပါဝင်ပါတယ်။ BIOS ဆိုတာကတော့ အတိုကောက် စကားလုံးဖြစ်ပြီး သူ့ရဲ့ အဓိပ္ပါယ်ကတော့ (Basic Input Output System) ဖြစ်ပါတယ်။ ဒီ Chip လေးထဲမှာ ဘာတွေပါဝင်သလဲဆိုတော့ Motherboard နဲ့သက်ဆိုင်တဲ့ Code တွေ ပါဝင်ပါတယ်။
အဲဒီ Code တွေက ဘာလုပ်ပေးသလဲဆိုတော့ သင့်ရဲ့ System ကို boot လုပ်ပေးပါတယ်။ ဒီလို Code တွေက Boot လုပ်ပေးလို့သာ သင့်ကွန်ပျူတာရဲ့ Operating System ကြီးဟာ တက်လာတာ ဖြစ်ပါတယ်။ အဲဒီတော့ ဒီ BIOS ရဲ့ အဓိက တာဝန်ကတော့ Boot လုပ်ဖို့ ဆိုတာကို သိထားရပါမယ်။
နောက်ထပ် တစ်ချက်ကတော့ CMOS Setting တွေကို ထည့်သွင်းထားပါတယ်။ ဒီ CMOS Setting ဟာ POST (Power ON Self Test ) လို့ခေါ်တဲ့ စောစောက Boot မလုပ်ခင်မှာ သင့်ကွန်ပျူတာအတွင်းရှိ အခြားသော Component များဖြစ်သည့် RAM , CPU , Hard Disk , Power Supply စတာတွေကို Check လုပ်ပေးပါတယ်။
အဲဒီမှာ တစ်နေရာရာ Error ဖြစ်နေရင် Windows OS ဟာ ဆက်တက်လာနိုင်မှာ မဟုတ်ပါဘူး။ POST မှာပဲ ရပ်နေမှာ ဖြစ်ပါတယ်။ ဒီလို BIOS တွေကို ထုတ်လုပ်တဲ့နေရာမှာ အဓိက ကုမ္ပဏီနှစ်ခု ရှိပါတယ်။ အဲဒါတွေကတော့ Phoenix Technologies နဲ့ American Megatrends တို့ ဖြစ်ပါတယ်။
2. Battery
Motherboard တိုင်းမှာ သက်ဆိုင်ရာ Battery ပါဝင်ပါတယ်။
အဲဒီ Battery က ဘာလုပ်ပေးသလဲဆိုတော့ Computer Time နဲ့ CMOS Setting ကို အဓိက ထိန်းပေးထားပါတယ်။ ဆိုလိုတာကတော့ ကွန်ပျူတာပိတ်ထားလည်း Time , Date မှန်နေအောင် သူက ထိန်းပေးထားပါတယ်။
ပြီးတော့ သင့်ကွန်ပျူတာရဲ့ CMOS အတွင်းမှာ သတ်မှတ်ထားတဲ့ Setting တွေကို မပျက်အောင် ဒီ Battery က ထိန်းပေးထားပါတယ်။