Motherboard တွင် ပါဝင်သော အစိတ်အပိုင်းများ(2)
အခုဆက်လက်ပြီးတော့ Motherboard ပေါ်မှာပါဝင်တဲ့ အစိတ်အပိုင်းများကို ဆက်လက်လေ့လာကြည့်ရအောင် ။
3. Form Factor
Form Factor ဆိုတာကတော့ Motherboard တစ်ခုရဲ့ dimension အရွယ်အစားနဲ့ Component တွေရဲ့ Layout ပုံစံကို ပြောတာပါ။ ယနေ့ခေတ် လူအသုံးများတဲ့ Motherboard အများစုဟာ ATX Form Factor နဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။
အသုံးအများဆုံး Form Factor တွေကတော့ ATX , micro ATX(mATX) , Entended (EATX) , mini(ATX) စတာတွေ ဖြစ်ပါတယ်။ အရွယ်အစား သေးငယ်တဲ့ Small Motherboard တွေဟာ ဈေးနှုန်းသက်သာပြီး အရွယ်အစား သေးငယ်တဲ့ PC တွေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
ဒါပေမယ့် Mini တွေရဲ့ အားနည်းချက်ကတော့ Expension Slot ပါဝင်မှု နည်းပါးတာကြောင့် RAM ထပ်မံထည့်သွင်းခြင်း၊ Graphic Card ထပ်မံထည့်သွင်းခြင်း၊ Hard Disk အများအပြားနှင့်ချိတ်ဆက်အသုံးပြုခြင်းတို့မှာ ပြဿ နာ ရှိပါတယ်။ အောက်တွင် Form Factor အလိုက် Motherboard အရွယ်အစားများကို ဖော်ပြပေးထားပါတယ်။
4. Type of Processor Support
Motherboard တိုင်းမှာ သူနဲ့ကိုက်ညီပြီး အသုံးပြုနိုင်မည့် Processor Unit များ သတ်မှတ်ထားပါတယ်။ အဓိပ္ပါယ်ကတော့ Motherboard တစ်ခု ၀ယ်ယူပြီးတာနဲ့ သင်နှစ်သက်ရာ CPU ကို ထည့်သွင်း အသုံးပြုလို့မရပါဘူး။
ဆိုလိုတာကတော့ Motherboard တိုင်းမှာ Support CPU တွေကို ဖော်ပြပေးထားပါတယ်။ သူ Support မလုပ်နိုင်တဲ့ CPU ကို ထည့်သွင်း အသုံးပြုလို့ မရပါဘူး။ Motherborard တွေမှာ AMD , Intel အစရှိသဖြင့် သူနဲ့ကိုက်ညီမှုရှိတဲ့ CPU ကို ဖော်ပြထားပါတယ်။
ဒီတော့ AMD ကို အသုံးပြုချင်တယ်ဆိုရင်တော့ သူနဲ့ကိုက်ညီမှုရှိတဲ့ Motherboard ကို ရွေးချယ်ဝယ်ယူရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ AMD ကို ရတဲ့ Motherboard အများစုဟာ Intel ကို Support မလုပ်နိုင်ကြပါဘူး။
5. Chipset
Motherboard မှာ ပါဝင်တဲ့ Chipset တွေဟာ CPU နဲ့ အခြားသော Component တွေကို ချိတ်ဆက်ရာမှာမှာ တာဝန်ယူ ဆောင်ရွက်ပေးပါတယ်။ Motherboard တွေမှာ Chipset တစ်ခု ဒါမှမဟုတ် Chipset တစ်စုံ ပါဝင်တတ်ပါတယ်။
Motherboard တစ်ခုမှာ Chipset နှစ်ခု ပါဝင်တတ်ပြီး ၎င်းတို့ကို Northbridge နဲ့ Southbridge ဆိုပြီး သတ်မှတ် ခေါ်ဆိုကြပါတယ်။ ဒီတော့ Northbridge တို့ Southbridge တို့ဆိုတာ တစ်ခြားမဟုတ်ပါဘူး Chipset တွေ ဖြစ်ပါတယ်။
Northbridge ဟာ Processor နှင့် တိုက်ရိုက် ချိတ်ဆက်ထားပြီး ၎င်းဟာ Front Side Bus မှ တစ်ဆင့် Memory,AGp, PCI Express Controller တို့ကို ဆက်သွယ် လုပ်ဆောင်ပေးပါတယ်။ Southbridge ကတော့ Processor ကို Northbridge မှတစ်ဆင့် ဆက်သွယ်ပြီး Hrad Drive , USB , Audio , Video , LAN , PCI တို့နှင့် ဆက်သွယ်လုပ်ဆောင်ပါတယ်။
6.Bus & Bus Speed
Bus နဲ့ Bus Speed ကတော့ Motherboard တစ်ခုအတွက် အဓိက Highway လမ်းမကြီးများသဖွယ် ဆောင်ရွက်ပေးပါတယ်။ သူ့ရဲ့လုပ်ဆောင်ချက်ကတော့ CPU နှင့် အခြားသော Part များကို ဆက်သွယ်တဲ့အခါမှာ Bus လမ်းကြောင်းမှတစ်ဆင့်သွားပါတယ်။
AMD Motherboard အများစုမှာဆိုလျှင် HyperTransport Technology နည်းပညာကို အသုံးပြုထားပါတယ်။ သူ့ရဲ့ လုပ်ဆောင်ချက်ကတော့ QuickPath Interconnect လို့ခေါ်တဲ့ နည်းပညာရပ်အသစ်ဖြစ်ပြီး များသောအားဖြင့် Intel Core i7 Processor ကို အခြေခံထားတဲ့ board တွေမှာ ဒီနည်းပညာကို တွေ့ရမှာဖြစ်ပါတယ်။
Bus Speed တွေကို တိုင်းတာတဲ့နေရာမှာ Megahertz (MHz) နဲ့တိုင်းတာပြီး HyperTransport မှာဆိုလျှင် GT/s(Giga Transfers/sec) အထိ Bus Speed ရှိတဲ့အတွက်ကြောင့် Bus Speed အလွန်မြန်ဆန်တယ်လို့ ဆိုနိုင်ပါတယ်။
7. Expansion Slots
Expansion Slot တွေကတော့ Audio, Video နဲ့ အခြားသော Component တွေကို ထပ်မံထည့်သွင်းရန် ဖြစ်ပါတယ်။ Motherboard တစ်ခုကို ၀ယ်ယူရာမှာ Expansion Slot အနည်းအများကို ကြည့်ပြီး ရွေးချယ်ဝယ်ယူသင့်ပါတယ်။
တကယ်လို့ သင့်အနေဖြင့် Graphic Card လည်း ထပ်မံထည့်သွင်းမယ်၊ Audio Card လည်း ထပ်စိုက်မယ်၊ ဒီလိုမျိုး Requirement တွေ လိုအပ်လာပြီဆိုရင်တော့ သင့်ကွန်ပျူတာမှာ Expansion Slot တွေ လုံလုံလောက်လောက် ပါဝင်ဖို့ လိုပါတယ်။ များသောအားဖြင့် Motherboard တွေမှာ Expansion Slot 2(PCI Slots) လောက်တော့ ပါဝင်တာများပါတယ်။
8. Memory Slot
Memory Slot ကတော့ သင့်ကွန်ပျူတာရဲ့ Motherboard အတွင်း Memory ကဒ်ကို စိုက်ရန်အတွက် အသုံးပြုပါတယ်။
Motherboard တစ်ခုကို ၀ယ်ယူတဲ့နေရာမှာ Memory Slot များများပါတာမျိုးကို ရွေးချယ် ၀ယ်ယူသင့်ပါတယ်။ ဒါမှသာ သင်လိုအပ်သော Memroy ပမာဏကို ထပ်မံတိုးချဲ့ ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။