Mouse Click ကိုပြောင်းလဲအသုံးပြုခြင်း
ဒီ Feature ကတော့ Microsoft Windows မှ ဘယ်သန်သမားများအတွက် ရည်ရွယ်ပြီး ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။
ကမ္ဘာနှင့်အ၀ှမ်း ဘယ်သန် ကွန်ပျူတာသမားပေါင်းများစွာရှိပြီး Windows မှ ၎င်းတို့ အဆင်ပြေစေရန်အတွက် ယခုလို Mouse Click ကို လဲလှယ်အသုံးပြုနိုင်ရန် စီမံထည့်သွင်းပေးထားခြင်း ဖြစ်ပါတယ်။
အလွယ်ဆုံး ပြောရရင်တော့ Mouse ၏ Left Click နှင့် Rigt Click ကို လှဲလှယ်ပြီး အသုံးပြု နိုင်ရန် ဖြစ်ပါတယ်။ ဘယ်သန်သမားများ အနေဖြင့် Mouse ကို Lett , Right Click ပြောင်းလဲ အသုံးပြုရန်အတွက် Start > Control Panel> Mouse ကို ၀င်သွားပါ။
ပြီးနောက် Mouse Properties Dialog Box ကို အောက်ကပုံအတိုင်း မြင်တွေ့ရပါလိမ့်မယ်။
Fig (1)
တကယ်လို့ RUN ကနေပြီး အသုံးပြုလိုသူတွေ အတွက် main.cpl ဟု ရိုက်ထည့်လိုက်ပါ။ ဒါဆိုရင်လည်း Mouse Properties Dialog Box ကို မြင်တွေ့ရပါလိမ့်မယ်။
Fig (1)
ဘယ်သန်သမားများ အနေဖြင့် Left , Right Click များကို ပြောင်းလဲရန်အတွက် Switch Primary and Secondary Buttons ဘေးရှိ အမှန်ခြစ်လေးကို နှိပ်လိုက်ပါ။
ပြီးနောက် Apply ကိုနှိပ်လိုက်ပါ။ ဒါဆိုရင် သင့် Mouse ရဲ့ Left Click နှင့် Right Click ဟာ နေရာချင်း ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ ဘယ်သန်သမားများ စိတ်ကြိုက်အသုံးပြုနိုင်ပါပြီ ။