Mozilla မှ Firefox အတွင်း ကြော်ငြာများ ထည့်သွင်းသွားဖွယ်ရှိ

Written by S.N.O Published in 19 Sep 2014

      Mozilla ကုမ္ပဏီမှ ၎င်းရဲ့ Firefox web browser အတွင်း ကြော်ငြာများကို ထည့်သွင်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း အသိပေး ပြောကြားသွားပါတယ်။

Mozilla မှ Firefox အတွင်း Browser Tab အသစ်ကို ခေါ်ယူရာမှာ ကြော်ငြာများကို ဓါတ်ပုံများနှင့် ဖော်ပြသွားမှာဖြစ်ပြီး ဒီလို ကြော်ငြာလုပ်ငန်းဟာလည်း အချို့သောနိုင်ငံများအတွင်း Firefox အသုံးပြုသူများအတွက်သာဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပါတယ်။

 

 

Mozilla ရဲ့ New Feature ဟာ ကြော်ငြာလုပ်ငန်းတစ်ခုသာ ဖြစ်ပေမယ့် User များအတွက် အကျိုးရှိသော လုပ်ငန်းများကိုသာ ထည့်သွင်းသွားမှာဖြစ်ကြောင်း Mozilla ကုမ္ပဏီရဲ့ ဒုဥက္ကဌဖြစ်သူမှ ပြောကြားခဲ့ပါတယ်။

လက်ရှိ Mozilla ရဲ့ Firefox ကို အသုံးပြုသူအရေအတွက်မှာ ကမ္ဘာနှင့်အဝှမ်း အလွန်များပြားလျက်ရှိပြီး မိုဘိုင်း Browser ကိုလည်း လူများအသုံးပြုလာကြကြောင်း၊ ဒါကြောင့် ယခုကဲ့သို ကြော်ငြာလုပ်ငန်းများကို တိုးမြှင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ စပွန်ဆာခေါင်းစဉ်အနေဖြင့် ကြော်ငြာခြင်းများကိုလည်း လက်ခံ ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ဒီလို ကြော်ငြာလုပ်ငန်းများကြောင့်လည်း လူအများ ပိုမိုစိတ်ဝင်စားပြီး နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေမှာဖြစ်ကြောင်း ရှင်းလင်းဖော်ပြခဲ့ပါတယ်။

ဒီလို Mozilla ရဲ့ ကြော်ငြာလုပ်ငန်းဟာ လာမည့်ရက်ပိုင်းအတွင်း ထွက်ရှိလာမည့် Aurora Version Firefox Beta မှာ စတင်ပါဝင်လာမှာ ဖြစ်ပြီး Tab အသစ် ခေါ်ယူအသုံးပြုလိုက်တိုင်း ကြော်ငြာကုမ္ပဏီနာမည် , Logo , ဓါတ်ပုံဆိုဒ်သေးများကို ပူးတွဲ မြင်တွေ့ရမှာဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.