My Computer အတွင်းရှိ Drive များအား Hide လုပ်ခြင်း

Written by S.N.O Published in 24 Jun 2014

      ဒီဆောင်းပါးလေးကတော့ မိမိရဲ့ ကွန်ပျူတာအတွင်းမှာ ပါဝင်တဲ့ Drive တွေကို ဖျောက်ပေးထားခြင်း ဖြစ်ပါတယ်။ဒီလိုမျိုး Drive တွေကို ဖျောက်ထားခြင်းအားဖြင့် သင့်ကွန်ပျူတာအတွင်းရှိ အရေးကြီးသော Data များကို အခြားသူများမှ အလွယ်တကူ ၀င်ရောက်ကြည့်ရှုလို့ မရနိုင်တော့ပါဘူး ။

      အထူးသဖြင့် Data လုံခြုံရေးအတွက် အလွန် အဆင်ပြေပါတယ်။ ဒီလိုမျိုး Drive တွေကို ဖျောက်ထားချင်တယ် ဆိုရင်တော့ အောက်ဖော်ပြပါ နည်းလမ်းအတိုင်း အဆင့်ဆင့် လုပ်ဆောင်နိုင်ပါတယ်။  Start>Run မှတစ်ဆင့် gpedit.msc ကို သွားပေးပါ။ ပြီးပါက OK ကို Click နှိပ်ပေးပါ။

ပုံ (၁)

      ပြီးနောက် အောက်ဖော်ပြပါ ပုံအတိုင်း အဆင့်ဆင့် ၀င်ရောက်ပေးရမှာ ဖြစ်ပါတယ်။ ၎င်းမှတစ်ဆင့် Hide these specified drives in my computer ကို Double Click နှိပ်ပေးပါ။

ပုံ (၂)

     ပုံ (၃) ၌ ၎င်းရဲ့ Properties Box တွင် Enabled အား ရွေးချယ်ပေးပါ။ ပြီးပါက အောက်၌ မိမိဖျောက်ချင်တဲ့ Drives တွေကို မြင်တွေ့နိုင်ပါတယ်။

ပုံ (၃)

     ပုံ (၄) တွင်တော့ (C) ဆိုတဲ့ Drive တစ်ခုကိုပဲ ဖျောက်ပြပေးပါမယ်။ ပြီးပါက Apply နှင့် OK ကို နှိပ်ပြီး ထွက်နိုင်ပါတယ်။

ပုံ (၄)

    ပုံ (၅) မှာတော့ Close နှင့် ထွက်ပေးပါ။ အခုဆိုရင်တော့ My Computer အတွင်းမှာ (C) ဆိုတဲ့ Drive မရှိတော့ပါဘူး။ ကဲ ဒါဆို မိမိက(C) ဆိုတဲ့ Drive ကို ပြန်လည် အသုံးပြုချင်ပါက တစ်ခြားသော နည်းလမ်းနှင့် ၀င်ရောက် သုံးစွဲနိုင်ပါတယ်။

ပုံ (၅)

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.