Navigating Within a Worksheet

Written by S.N.O Published in 08 Nov 2014

(1) Scroll Bar

Excel Worksheet တစ်ခုအတွင်း သင်လိုအပ်သလို အပေါ်၊ အောက်၊ ဘယ်၊ ညာ သွားနိုင်ပါတယ်။ Excel ရဲ့ အောက်ဖက် မှာ Scroll Bar တစ်ခုနှင့် ညာဖက်တွင် Scroll Bar တစ်ခုစီ ရှိပါတယ်။ အောက်က Scroll Bar ကတော့ ဘယ်ညာ ရွေ့လျား သွားလာနိုင်စေရန်အတွက် ဖြစ်ပါတယ်။ ညာဖက်က Scroll Bar ကတော့ အထက်အောက် ရွေ့လျား သွားလာရန်အတွက် ဖြစ်ပါတယ်။

 

 

(2) Zoom in / out

Worksheet တစ်ခုအတွင်း Cell အကွက်များကိုလည်း Zoom in / out ပြုလုပ်နိုင်ပါတယ်။ Mouse နဲ့ ပြုလုပ်ချင်တယ်ဆိုရင်တော့ Ctrl + Scroll Wheel ကို အသုံးပြုနိုင်ပါတယ်။ တကယ်လို့ Mouse နဲ့ မသုံးချင်ဘူးဆိုရင်တော့ ညာဖက်အောက်ခြေရှိ Zoom မှ လိုအပ်သလို အကြီးအသေး ပြုလုပ်နိုင်ပါတယ်။

 

 

(3) Moving Different Area

Cell အကွက်တစ်ခုနှင့် တစ်ခုကို ကူးပြောင်းချင်တယ်ဆိုရင်တော့ Down Arrow , Up Arrow ကို အသုံးပြုနိုင်ပါတယ်။ တကယ်လို့ ဘေးတိုက် အနေအထားအတိုင်း Cell အကွက်များကို ရွှေ့လျားမှု ပြုလုပ်ချင်တယ်ဆိုရင်တော့ Left Arrow , Right Arrow များကို အသုံးပြုနိုင်ပါတယ်။

Page Up / Page Down ကတော့ Cell အကွက် Area တစ်ခုမှ နောက်ထပ် Area တစ်ခုစီသို့ ကူးပြောင်းလိုတဲ့အခါမှာ အသုံးပြုနိုင်ပါတယ်။ Home Key ကို နှိပ်လိုက်မယ်ဆိုရင်တော့ A Column ကို ရောက်ရှိသွားပါလိမ့်မယ်။ Ctrl + Home ကို တွဲနှိပ်မယ်ဆိုရင်တော့ A 1 ကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။

 

 

(4) Moving Sheets

Excel Document တစ်ခုအတွင်း Sheets တစ်ခုမှ တစ်ခုသို့ ကူးပြောင်းလိုပါက Ctrl + Page Up / Down ကို အသုံးပြုနိုင်ပါတယ်။

 

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.