Norton မှ Mobile ဖုန်းလုံခြုံရေးအတွက် သတိပေးပြောကြား

Written by S.N.O Published in 27 May 2014

      Nortan ဟာ Antiviurs ဆော့ဖ်ဝဲများ ထုတ်လုပ်ရာမှာ နာမည်ကြီး ကုမ္ပဏီတစ်ခုဖြစ်ပြီး ယခုအချိန်မှာတော့ ၎င်းဟာ မိုဘိုင်းဖုန်း လုံခြုံရေးစနစ်အတွက်ပါ Application များ ထုတ်လုပ်လာခဲ့ပါတယ်။

Norton မိုဘိုင်းလုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းမှ ပြောကြားချက်အရ Adroid Malware များဟာ အလွန်ထိတ်လန့်ဖွယ်ရာ အခြေအနေမှာ ရောက်ရှိနေကြောင်း၊ သင့်ဖုန်းအတွင်းသို့ ၎င်း Malware များ ၀င်ရောက်လာပါက သင့်ရဲ့ ဖုန်းခေါ်ဆိုမှုများ၊ Text မက်ဆေ့ခ်ျ ပေးပို့မှုများ၊ Content များ၊ Account Information အချက်အလက်များ အပြင် SIM ကဒ်နှင့်ပတ်သက်သော Data များကိုပါ ခိုးယူသွားနိုင်ကြောင်း Nortan မှ ပြောကြားခဲ့ပါတယ်။

 Nortan မှ ပြောကြားချက်အရ မိုဘိုင်းဖုန်းအတွင်း Malware များ ၀င်ရောက်လာပါက Notification Bar နှင့် SMS inbox တို့တွင် ကြော်ငြာများ ၀င်ရောက်လာမည်ဖြစ်ကြောင်း သင်အသုံးပြုနေကျ အင်တာနက် Browser ရဲ့ Home Page ကိုလည်း ပြောင်းလဲပစ်လိုက်မည်ဖြစ်ကြောင်း၊ အချို့သော Malware တွေဆိုလျှင် Audio Ads စနစ်များပါ ပါဝင်လာကြောင်း သိရပါတယ်။

 

 

 

လွန်ခဲ့တဲ့ ဧပြီလအတွင်း Nortan မှ Lookout Mobile Security Application တစ်ခုကို ထုတ်လုပ်ခဲ့ပြီး ၎င်း Application ဟာ Malware များ ၀င်ရောက်လာခြင်းကို အချိန်ပြည့်စောင့်ကြည့်ကာ တားဆီးနိုင်ကြောင်း Nortan မှ ကြေငြာခဲ့ပါတယ်။

Google လုံခြုံရေးဆိုင်ရာ အဖွဲ့မှ ပြောကြားချက်အရ 360 Mobile Security , Avast နှင့် Lookout ကဲ့သို့သော Mobile လုံခြုံရေးဆိုင်ရာ Application တစ်ခုကို သင့်ရဲ့ ဖုန်းအတွင်း ထည့်သွင်းအသုံးပြုရန် လိုအပ်ကြောင်း အကြံပြုပြောကြားခဲ့ပါတယ်။

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.