Notepad ကို အသုံးပြုခြင်း
စာစီစာရိုက်ပြုလုပ်ခြင်းနှင့် စာရေးသားခြင်းအတွက် အခြား Program များ မသုံးပဲ Windows တွင် အသင့်ပါဝင်လာသော Notapad ကို အသုံးပြုပြီး ဆောင်ရွက်နိုင်ပါတယ်။
Microsoft Windows Operating System တွင် စာရိုက်ရန်အတွက် လွယ်ကူပြီး အသုံးဝင်သည့် Notepad ပါဝင်လာပြီး ၎င်း Notepad Application ဟာ စာရိုက်ခြင်း ၊ စာရေးသားခြင်းအပြင် စာဖတ်ခြင်း၊ စာရွက်များကို Print ထုတ်ယူခြင်း စတာတွေ အထိပါ အသုံးပြုနိုင်ပါတယ်။
Windows Notepad ကို အသုံးပြုရန်အတွက် Start > All Programs > Accessories > Notepad ကို ခေါ်ယူလိုက်ပါ။ တကယ်လို့ RUN ကနေပြီး ဖွင့်ချင်တယ်ဆိုရင်တော့ Windows + R ကို တွဲနှိပ်ပြီး notepad ဆိုပြီး ရိုက်ထည့်လိုက်ပါ။
ဒါဆိုရင် Windows Notepad Program ပွင့်လာတာကို တွေ့မြင်ရပါလိမ့်မယ်။
Notepad Program ပွင့်လာပြီဆိုရင် Mouse နှင့် Cousor ချပြီး သင်နှစ်သက်ရာ စာသားများကို ရေးမှတ်ထားလိုက်ပါ။ ပြီးနောက် ရေးထားတဲ့ စာတွေကို သိမ်းဆည်းချင်တယ်ဆိုရင်တော့ File Menu ထဲမှ တဆင့် Save ကို နှိပ်ကာ သိမ်းဆည်းနိုင်ပါတယ်။
Widows Notepad တွင် အသုံးပြုသူ User များ အတွက် အဆင်ပြေ လွယ်ကူစေမည့် Basic Feature များ ထည့်သွင်းပေးထားပါတယ်။ File Menu ထဲမှာ ဆိုလျှင်
1. New ( File အသစ်တစ်ခု ဖန်တီးရန်)
2. Save ( File များ သိမ်းဆည်းရန် )
3. Save As ( File များကို နောက်ထပ် Copy တစ်ခု ပွားယူပြီး သိမ်းဆည်းရန်)
4. Page Set up ( A4 , A 3 အစရှိသဖြင့် စာရွက်အရွယ်အစား ရွေးချယ်ရန်)
5. Print ( Print ထုတ်ယူရန် ) စတဲ့ Feature တွေ ပါဝင်ပါတယ်။
Edit Menu ကတော့  အားလုံးသိပြီးသားဖြစ်တဲ့ Cut , Copy , Paste , Find , Replace , Delete အစရှိတဲ့ Feature များ ပါဝင်တဲ့အပိုင်းပါ။ နောက်ထပ်ပါဝင်လာတဲ့ Feature ကတော့ Format Menu ဖြစ်ပြီး ၎င်း ရှိ Font မှ သင်နှစ်သက်ရာ စာလုံးပုံစံများကို ရွေးချယ် အသုံးပြုနိုင်ပါတယ်။