Operating System ဆိုတာ (၁)

Written by S.N.O Published in 22 Jul 2014

    Operating System ဆိုတာဟာ ကွန်ပျူတာ အသုံးပြုသူတိုင်း ရင်းနှီးနေပြီးသား စကားလုံးဖြစ်ပါတယ်။

Operating System ဆိုတာ အလွယ်ဆုံး ပြောရရင်တော့ ကွန်ပျူတာမှာ အသုံးပြုတဲ့ Windows ကြီးကို ပြောတာပါ။

    အခု  Operating System နဲ့ပတ်သက်ပြီး အသေးစိတ် Details ဆက်လက် လေ့လာကြည့်ပါမယ်။ Operating System ရဲ့ အဓိပ္ပါယ်ကို စနစ်တကျ ပြောရမယ်ဆိုရင်တော့ ၎င်းဟာ ကွန်ပျူတာ Software များနှင့် Hardware များကို ချိတ်ဆက်ပေးသည့် Program တစ်ခု ဖြစ်ပါတယ်။

    ပုံမှန်အားဖြင့် စဉ်းစားကြည့်မယ်ဆိုရင် လက်ရှိ အသုံးပြုနေတဲ့ ကွန်ပျူတာအတွင်းရှိ CPU , Memory , Keyboard , Mouse စတဲ့ Hardware Device များနှင့် Software များဖြစ်ကြသည့် Microsoft Word , Excel , Pagemaker , Photoshop , စတဲ့ Software များကို ချိတ်ဆက်ပေးတဲ့ အဓိက Program ကို ပြောတာပါ။

    Operating System မရှိရင် အသုံးပြုလိုသည့် Software များနှင့် Hardware များဟာ Link မရှိသလို ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် ကွန်ပျူတာတစ်လုံးမှာ Operating System ဟာ အလွန်အရေးကြီးတဲ့ Program တစ်ခု ဖြစ်ပါတယ်။


        Operating System ရဲ့ နောက်ထပ် အဓိက လုပ်ဆောင်ချက်ကတော့ ကွန်ပျူတာအတွင်းရှိ တွက်ချက်မှုများကို ကူညီ ဆောင်ရွက်ပေးပါတယ်။ ဒါကြောင့် Operating System ဟာ Manage အပိုင်းကို အဓိက ဆောင်ရွက်သူ ဖြစ်ပါတယ်။

Objectives of Operating System
    Operating System တစ်ခုရဲ့ အဓိက ဆောင်ရွက်ချက်တွေကတော့

  1. 1. ကွန်ပျူတာစနစ်များ ကောင်းမွန်စွာ လည်ပတ်နိုင်အောင် ဆောင်ရွက်ပေးခြင်း။
  2. 2. Hardware များရဲ့ လုပ်ဆောင်ချက်ကို ထိန်းချုပ်ပေးခြင်း။
  3. 3. အသုံးပြုသူအား လွယ်ကူ အဆင်ပြေစေရန် User Interface ကို ထုတ်ပြပေးခြင်း။
  4. 4. အသုံးပြုသူရဲ့ ခိုင်းစေချက်အရ ကွန်ပျူတာ Hardware များကို စီမံပေးခြင်း။
  5. 5. ကွန်ပျူတာ အသုံးပြုသူအချင်းချင်း Program များ အပါအ၀င် အခြားသော File များအား မျှဝေ အသုံးပြုနိုင်အောင် စီမံ ဆောင်ရွက်ပေးခြင်း တို့ဖြစ်ပါတယ်။

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.