Operating System ဆိုတာ (2)
အခု ဆက်လက်ပြီး လေ့လာရမှာကတော့ Characteristics Of Operating System လို ခေါ်တဲ့ Operating System တစ်ခုရဲ့ အလုပ်လုပ်ပုံဖြစ်ပါတယ်။
Operating System တစ်ခုရဲ့ Characteristic ကို လေ့လာရာမှာ အလွယ်ကူဆုံး အချက် (10) ချက်ကိုသာ ထုတ်နှုတ် လေ့လာပါမယ်။
1. Memory Management
Operating System တစ်ခုဟာ ကွန်ပျူတာရဲ့ Memory ကိုလည်း စီမံထိန်းချုပ်ပေးပါတယ်။ သူ့ရဲ့သဘောကတော့ အဓိက Program များကို Memory ရဲ့ ဘယ်လို အစိတ်အပိုင်းမျိုးကို အသုံးပြုပြီး မောင်းနှင်မယ်၊ ဒါမှမဟုတ် Memory ပမာဏ ဘယ်လောက် အသုံးပြုမယ်ဆိုတာကို စီမံခန့်ခွဲပေးပါတယ်။
ဆိုလိုတာကတော့ Memory ပမာဏ တစ်ခုလုံးကို Operating System မှတဆင့် အခြား Program များကို တစ်ဆင့် အသေးစိတ် ပြန်လည်ခွဲဝေမျှပေးခြင်းဖြစ်ပါတယ်။
2. Processor Management
Processor ကို အဓိက ထိန်းချူပ်ပေးရန်အတွက် Operating System မှသာလျှင် တာဝန်ယူ ဆောင်ရွက်ပေးပါတယ်။ သူ့ရဲ့ သဘောကတော့ Program များ အသုံးပြုမှုအလိုက် Processor ရဲ့ လိုက်လံ အလုပ်လုပ်မှုတွေကို စီမံခန့်ခွဲပေးတာ ဖြစ်ပါတယ်။
3. Device Management
I/O Controller များကို အဓိက ထိန်းချုပ်ကိုင်တွယ်ပေးတာဟာလည်း Operating System ဖြစ်ပါတယ်။ ကွန်ပျူတာမှာ တပ်ဆင် အသုံးပြုထားတဲ့ အခြားသော Input / output Device များအားလုံးကို Operating System မှ လိုအပ်သလို မောင်းနှင်ပေးပါတယ်။
နောက်ထပ် တစ်ချက်ကတော့ ဘယ် Program က ဘယ် Device ကိုအသုံးပြုရမယ် ဆိုတာကိုပါ Operating System မှ ဆုံးဖြတ်ပေးတာပါ။
4. File Management
ဒါကတော့ အားလုံး သိပြီးသားအတိုင်းပါပဲ။
ကွန်ပျူတာအတွင်းမှာရှိတဲ့ အသုံးပြုသူရဲ့ Personal Data File များအားလုံးကို Operating System မှသာ ကိုင်တွယ် Manage ပြုလုပ်ပေးပါတယ်။ ထို့အပြင် User Permission လို့ခေါ်တဲ့ ဘယ် User က ဘယ်လို File မျိုးကို အသုံးပြုရမယ်၊ ဘယ် Program ကို အသုံးပြုနိုင်မယ်ဆိုတာကိုပါ Operating System မှ ဆုံးဖြတ်ပေးပါ တယ်။
5. Security
Operating System တစ်ခုဟာ လုံခြုံရေး အဆင့်အတန်း အလွန် မြင့်မားရပါမယ်။ ဒါမှသာ ၎င်း Operating System ကို အသုံးပြုသူ ဦးရေ များပြားမှာ ဖြစ်ပါတယ်။ တကယ်လို့ Operating System ဟာလုံခြုံမှု မရှိဘူးဆိုလျှင် အင်တာနက်မှတစ်ဆင့် (သို့မဟုတ်) အခြားသော ကွန်ယက်အတွင်းမှတစ်ဆင့် သင့်ရဲ့ File များကို အခြားသူများမှ ခိုးယူ အသုံးပြုသွားနိုင်ပါတယ်။
6. Job Accounting
ဒီအပိုင်းကတော့ အသုံးပြုသူများရဲ့ လုပ်ဆောင်ချက်များ၊ ကွန်ပျူတာအသုံးပြုမှု ကြာမြင့်ချိန်များ၊ အသုံးပြုသူ User ရဲ့ Account များ ကို Operating System မှ မှတ်သားထားရပါမယ်။
7. Control over system performance
ကွန်ပျူတာအသုံးပြုသူတစ်ဦးမှ Request ပြုလုပ်လိုက်တဲ့ အချက်အလက်များကို Operating System မှ ပြန်လည် ထုတ်လုပ်ပေးရပါတယ်။
ဒီလိုပြုလုပ်ရာမှာ User ရဲ့ တောင်းခံတဲ့ Program များ လုပ်ဆောင်ချက်များကို Operating System မှ မှတ်သားထားပြီး ပြန်လည်ထုတ်လုပ် Output ပြုလုပ်ပေးရပါတယ်။
8. Interaction with the operators
Operating System တစ်ခုဟာ User ရဲ့ တောင်းခံချက် Input အလိုက် Display Screen မှာ ပြန်လည်ဖော်ပြပေးရပါတယ်။
ဒါကို Interaction ပြုလုပ်ခြင်း၊ အပြန်အလှန် ချိတ်ဆက်လုပ်ဆောင်ခြင်းလို့ ခေါ်ဆိုပါတယ်။ ဆိုလိုတာကတော့ သူဟာ Instructions များကို ပြန်လည်ထုတ်လုပ်ပြသပေးရန် ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်။
9. Error-detecting aids
Operating System တစ်ခုဟာ အသုံးပြုသူရဲ့ Program အလိုက် Dump File များ၊ Trace များ၊ Error Message များ အပါအ၀င် အခြားသော Debugging များကိုပါ ဆောင်ရွက်ပေးရပါတယ်။
အလွယ်ဆုံး မှတ်သားထားမယ် ဆိုရင်တော့ ၎င်းဟာ Error များမှ စ၍ လုပ်ဆောင်ချက်များ အားလုံးကို မှတ်သားထားရပါတယ်။ ဒါမှသာလျှင် အသုံးပြုသူရဲ့ တောင်းခံချက်အရ လိုအပ်သည့် Message များကို ပြန်လည် ထုတ်လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။
10. Coordination between other software and users
Operating System တစ်ခုဟာ Software Program များရဲ့ တောင်းခံချက်အရ Complier , Interpreter , Assembler အနေဖြင့်လည်း ဆောင်ရွက်ပေးရပါတယ်။
ဆိုလိုတာကတော့ Program အလိုက် အခြားသော လိုအပ်သည့် Background Program များကိုလည်း နောက်ကွယ်ကနေ Run ပေးရပါမယ်။ ဒါမှသာ အသုံးပြုသူရဲ့ User Request အရ Output ကိုပြန်လည် ထုတ်လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။