Operating System ပေါ်ပေါက်လာပုံ
လက်ရှိ အသုံးပြုနေတဲ့ Windows Operating System , Mac Operating System တို့ဟာ ရှေးယခင်တုန်းက မရှိခဲ့ပါဘူး။
တစ်နည်းပြောရရင်တော့ ကွန်ပျူတာခေတ်ဦးကာလတုန်းက ၎င်း Operating System တွေဟာ မပေါ်ပေါက်သေးပါဘူး။
ဒါကြောင့် ယခင် ကွန်ပျူတာများဟာ ဘာနဲ့အလားသဏ္ဍန် တူသလဲဆိုတော့ ယနေ့ခေတ် အသုံးပြုနေကျတဲ့ ဂဏန်းပေါင်းစက်များနှင့် ပုံစံချင်း၊ အသုံးပြုပုံခြင်း တူညီကြပါတယ်။ ဒါပေမယ့် ကွန်ပျူတာရဲ့ အားသာချက်ကတော့ Program များဟာ ပိုမိုအဆင့်မြင့်ခြင်းနှင့် လုပ်ငန်းဆောင်တာများကို ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်းတို့ ဖြစ်ပါတယ်။
ဒီလိုနဲ့ ကွန်ပျူတာ Hardware များ တဖြေးဖြေး ပိုမိုတိုးတက် ကောင်းမွန်လာခဲ့ပြီး Hardware အများအပြားလည်း ပေါ်ထွက် လာခဲ့ပါတယ်။ ကွန်ပျူတာအတွင်း ထည့်သွင်းအသုံးပြုသည့် Program များ ပိုမိုများပြားလာတာနဲ့အလျှောက် Hardware များဟာလည်း ပိုမိုစွမ်းဆောင်ရည် အားကောင်းလာကြပါတယ်။
ဒီလိုမျိုး Hardware များ ပေါ်ထွက်လာခြင်းအားဖြင့် ၎င်း Hardware ကို ကွန်ပျူတာနှင့် ချိတ်ဆက်မိစေရန်၊ အဆင်ပြေပြေ အသုံးပြုနိုင်စေရန်အတွက် Software ဆိုတာလည်း လိုအပ်လာပါတယ်။ တနည်းအားဖြင့် Hardware Device များကို ခိုင်းစေရန်အတွက် Program တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် Microsoft ကုမ္ပဏီဟာ ပထမဦးဆုံး DOS ဆိုသည့် Software Program ကို စတင်စမ်းသပ် ထုတ်လုပ်ခဲ့ပါတယ်။
မကြာမီ ကာလအတွင်းမှာပဲ Apple ကုမ္ပဏီမှလည်း ၎င်း ရဲ့ ကိုယ်ပိုင် Operating System အသစ်တစ်ခုဖြစ်တဲ့ Mac OS ကို တီထွင် ထုတ်လုပ်ခဲ့ပါတယ်။ ဒါပေမယ့် Microsoft ဟာ ပထမဆုံး Operating System ထုတ်လုပ်ခဲ့တဲ့ ကုမ္ပဏီရယ်လို့ မှတ်တမ်းတင် ခံခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ Linux ကို အခြေခံထားတဲ့ Operating System များ ထပ်မံ ပေါ်ထွက်လာခဲ့ပါတယ်။
၎င်း Operating System များ တစ်ဆင့်ထက်တစ်ဆင့် တိုးတက် ကောင်းမွန်လာခဲ့ရာမှာ ယနေ့ ကျွန်တော်တို့ အသုံးပြုလျှက်ရှိတဲ့ Windows XP , Windows 7 , Windows 8 , Mac OS , Linux စတာတွေ ဖြစ်ပေါ်လာပါတယ်။ ယနေ့ခေတ်မှာတော့ Mobile Operating System များဖြစ်သည့် Andorid OS , Windows , Mac စတာတွေပါ ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။