Output Device များကို လေ့လာခြင်း
ကွန်ပျူတာစနစ်တစ်ခုကို စတင်လေ့လာရာမှာ Input Device များ Hardware များ Software များသာမက Output Device များကိုပါ ဆက်လက်လေ့လာထားရမှာ ဖြစ်ပါတယ်။
ယခုသင်ခန်းစာကတော့ ကွန်ပျူတာမှာ အသုံးပြုလျှက်ရှိတဲ့ Output Devices များကို အသေးစိတ်လေ့လာနိုင်အောင် ရှင်းလင်းဖော်ပြပေးထားတဲ့ သင်ခန်းစာတစ်ခု ဖြစ်ပါတယ်။ကွန်ပျူတာစနစ်တစ်ခုလုံးမှာ Oupt Device များစွာ ရှိပေမယ့် အခြေခံကျတဲ့ အပိုင်းသုံးပိုင်းလောက်ကို သိထားရင် လုံလောက်ပါပြီ။ ကွန်ပျူတာတစ်လုံးအတွက် အဓိက Output Device သုံးခုကတော့
1. Monitor
မော်နီတာများကို Visual Display Unit (VDU) လို့ အတိုကောက် ခေါ်ယူနိုင်ပါတယ်။ဒီလို Virtual Display Unit များဟာ ကွန်ပျူတာတစ်လုံးမှာဆိုရင် မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။
မည်သည့်ကွန်ပျူတာမဆို Output Device တစ်ခုအနေဖြင့် ထုတ်လုပ်ပြသပေးရန် မော်နီတာတစ်လုံးတော့ အနည်းဆုံး လိုအပ်ပါတယ်။ မော်နီတာများဟာ အားလုံးသိပြီးတဲ့အတိုင်း ရုပ်ပုံများကို ထုတ်လုပ်ခြင်းအတွက် အဓိက လုပ်ဆောင်ပေးပါတယ်။
ကွန်ပျူတာ မော်နီတာများဟာ ရုပ်ပုံများကို ထုတ်လုပ်ပြသပေးရာမှာ အစက်များ (Dot) များနှင့် ဖော်ပြပေးတာ ဖြစ်ပါတယ်။အဲဒီ Dot အစက်များကိုတော့ Pixel များလို့ ခေါ်ဆိုပါတယ်။
ကွန်ပျူတာတစ်လုံးဟာ Pixel များ (အစက်များဖြင့်) စုပေါင်းပြီး ရုပ်ပုံများကို ထုတ်လုပ်ပေးတာ ဖြစ်တဲ့အတွက် ကြောင့် ရုပ်ပုံတစ်ခုရဲ့ ကြည်လင်ပြတ်သားမှုဟာ ကွန်ပျူတာ မော်နီတာတစ်လုံးမှ ထုတ်လုပ်ပေးနိုင်သော Pixel များပေါ် မူတည်ပါတယ်။
ယနေ့ နောက်ဆုံးထွက် ဗီဒီယိုဂိမ်းများကို ဆော့ကစားရာမှာ ၎င်းဂိမ်းများရဲ့ ပုံထွက်အရည်အသွေးဟာ အလွန် မြင့်မားတာကြောင့် Pixel များသော Monitor များဖြင့်သာ အဆင်ပြေပြေ ဆော့ကစားနိုင်ပါတယ်။
မော်နီတာတစ်လုံးကို အခြေခံအားဖြင့်
1.Cathode - Ray Tube (CRT)
2. Flat - Panel Display ဆိုပြီး အမျိုးအစားနှစ်မျိုး ထပ်မံခွဲခြားသတ်မှတ်နိုင်ပါတယ်။
Cathode Ray Tube (CRT) မော်နီတာများကတော့ ယနေ့မှာ လူသုံးနည်းသွားပါပြီ။ ဒါပေမယ့်လွန်ခဲ့တဲ့ငါးနှစ် ၊ဆယ်နှစ်တာကာလကဆိုလျှင် ကျွန်တော်တို့နိုင်ငံမှာ ဒီ CRT မော်နီတာများကိုသာ တွင်ကျင်စွာ အသုံးပြုခဲ့ရပါတယ်။ CRT မော်နီတာများဟာ Short Pixel များဖြင့် ရုပ်ပုံများကို ထုတ်လုပ်ပေးသော စနစ်တစ်ရပ် ဖြစ်ပါတယ်။
Pixel များပိုမိုသေးငယ်စွာ ထုတ်လုပ်ပေးနိုင်တဲ့အတွက်ကြောင့် ဓါတ်ပုံများကို တိကျသေချာစွာ (တနည်းအားဖြင့် Resolution) ကောင်းမွန်စွာ မြင်တွေ့ရပါတယ်။
Flat - Panel Display ကတော့ ယနေ့ခေတ် လူသုံးများနေသော LCD များကို ဆိုလိုတာ ဖြစ်ပါတယ်။ဒီ Flat Display တွေဟာ အရွယ်အစားသေးငယ်ခြင်း ၊ ပေါ့ပါးခြင်း ၊ Power အသုံးပြုမှု လျှော့နည်းခြင်း စတဲ့ အားသာချက်များစွာဖြင့် တည်ဆောက်ထားကြပါတယ်။
အသေးစိတ်ထပ်ပြောရမယ်ဆိုရင်တော့ Flat Panel Display မှာ အမျိုးအစားနှစ်မျိုး ထပ်ခွဲထားပါတယ်။
တစ်မျိုးကတော့ အီလက်ထရောနစ်နည်းပညာအရ လျှပ်စစ်စွမ်းအင်မှ အလင်းသို့ပြောင်းလဲပေးသော နည်းပညာရပ်ဖြင့် ထုတ်လုပ်ထားသော LED (Light - Emitting Diodes) များ ဖြစ်ကြပါတယ်။ နောက်တစ်မျိုးကတော့ Optical Effect ကို အသုံးပြုထားတဲ့ LCD (Liquid - Crystal Display) တို့ ဖြစ်ကြပါတယ်။ယနေ့ခေတ်မှာတော့ LCD ကော LED ကောကို တွင်ကျယ်စွာ အသုံးပြုနေကြပါပြီ ဖြစ်ပါတယ်။
2. Graphic Plotter
3. Printer တို့ ဖြစ်ကြပါတယ်။
Printer များကတော့ Print ထုတ်ယူရန် အဓိကအသုံးပြုသော Output Device များ ဖြစ်ကြပါတယ်။ အသုံးပြုသူတစ်ဦးရဲ့ လိုအပ်ချက်အရ ပုံများစာသားများကို စာရွက် ၊ဓါတ်ပုံစက္ကူများကို အသုံးပြုပြီး ကွန်ပျူတာပြင်ပသို့ ထုတ်ယူပေးနိုင် သော Output Device များ ဖြစ်ကြပါတယ်။ Printer များကို အမျိုးအစားအားဖြင့် Impact Printer နှင့် Nan Impact Printer ဆိုပြီး နှစ်မျိုးခွဲခြားထားတာကို တွေ့ရပါတယ်။