Overview of PowerPoint (1)

Written by S.N.O Published in 06 Aug 2014

      PowerPoint ဆော့ဖ်ဝဲရဲ့ တည်ဆောက်ပုံကို ဆက်လက်ပြီး လေ့လာကြည့်ပါမယ်။ Microsoft PowerPoint ရဲ့ အပေါ်ဖက်ဆုံးမှာရှိတဲ့ File , Home , Insert အစရှိတဲ့ အရာတွေကို Tab လို့ ခေါ်ဆိုပါတယ်။ ဥပမာအားဖြင့် File Tab , Home Tab , Design Tab စသဖြင့် ခေါ်ဆိုပါတယ်။ Tab တစ်ခုချင်းစီကို နှိပ်လိုက်မယ်ဆိုရင်တော့ ၎င်း Tab နဲ့ သက်ဆိုင်ရာ Tool များစာကို တွေ့ရပါလိမ့်မယ်။

ယခင် Menu Bar ကို ပုံစံပြောင်းထားတာ ဖြစ်ပါတယ်။ အပေါ်ဖက်ဆုံးက Presentation နာမည် ဖော်ပြထားတဲ့နေရာကိုတော့ Title Bar လို့ ခေါ်ဆိုပါတယ်။ အလယ်မှာရှိတဲ့ Work Area ကိုတော့ Slide Area လို့ ခေါ်ပါတယ်။

Power Point Software ကို လေ့လာဖို့အတွက် အခြေခံကျတဲ့ အခေါ်အဝေါ်များကို အရင်ဆုံး သိထားသင့်ပါတယ်။ ဒါမှသာ PowerPoint သင်ခန်းစာများကို ဆက်လက်ဖတ်ရှုရာမှာ အဆင်ပြေပြေနဲ့ နားလည်လာမှာ ဖြစ်ပါတယ်။

 

 

နောက်ထပ် အခေါ်အဝေါ် အချို့ကို ထပ်မံလေ့လာပါမယ်။ အဲဒါကတော့ ဘယ်ဖက်ရှိ Slide များရှိတဲ့နေရာကို Slide Tab လို့ ခေါ်ပါတယ်။ Slide No ကတော့ Slide အရေအတွက်ကို ပြသပေးတဲ့နေရာ ဖြစ်ပါတယ်။ အလယ်အောက်ခြေရှိ View နေရာကိုတော့ Slide Views လို့ ခေါ်ဆိုပါတယ်။ +  နဲ့ - ပုံစံလေးကတော့ Zoom Options ဖြစ်ပါတယ်။

 

 

Tab

      Tab တစ်ခုစီရဲ့ အောက်မှာဆိုရင် သူနဲ့ သက်ဆိုင်ရာ Function များစွာက ထည့်သွင်းထားတဲ့ Tool များစွာ ပါဝင်ပါတယ်။ ဥပမာ Home Tab ဆိုလျှင် PowerPoint နဲ့ ပတ်သက်ပြီး အခြေခံလုပ်ဆောင်ချက် Tool များကို ထည့်သွင်းထားတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

ထိုနည်းအတိုင်းပဲ အခြား Insert Tab , Design Tab , Transitions , Animations , Slide Show , Review , View စသည်တို့မှာလည်းTab တစ်ခုချင်းစီအလိုက် ထည့်သွင်းထားတဲ့ Tool များစွာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီ Tools တွေ အကုန်လုံးကို သိဖို့တော့ မလိုပါဘူး ။ အခြေခံကျပြီး အသုံးများတဲ့ Tools များကိုသာ ရွေးချယ် မှတ်သားထားရင် လုံလောက်ပါတယ်။

Work Area (Slide Area)

       ဒါကတော့ PowerPoint ရဲ့ အဓိကအသုံးပြုရမည့် နေရာဖြစ်ပါတယ်။ Slide Show ပြုလုပ်ဖို့ပဲဖြစ်ဖြစ်၊ Presentation တစ်ခု ပြုလုပ်ဖို့ပဲဖြစ်ဖြစ် ဒီ Slide Area မှာ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ Slide Area အတွင်းမှာ ပုံမှန်စာသားများ ရေးသားဖော်ပြယုံသာမကပဲ ဓါတ်ပုံများကိုပါ ထည့်သွင်းအသုံးပြုရမှာ ဖြစ်ပါတယ်။

Slide Tab

      Slide Tab ကတော့ PowerPoint အတွင်းမှာ အသုံးပြုတဲ့ Slide များကို ပြသရာ နေရာတစ်ခု ဖြစ်ပါတယ်။

သင့်အနေဖြင့် Slide များကို ထပ်မံထည့်သွင်းခြင်း၊ Slide တစ်ခုစီအလိုက် အသေးစိတ်ပြင်ဆင်ခြင်း စတာတွေကို အလွယ်တကူ ပြုလုပ်နိုင်စေရန် ထည့်သွင်းပေးထားခြင်း ဖြစ်ပါတယ် ။ အောက်ဖက်မှာကတော့ သင် Document တစ်ခုအတွင်း ထည့်သွင်းအသုံးပြုထားတဲ့ Slide အရေအတွက်ကို ပြသပေးထားတဲ့ Slide Number ရှိပါတယ်။

Slide View

      Slide View ကတော့ Slide Show တစ်ခုကို ပြုလုပ်ရာမှာ နှစ်သက်ရာ View ပုံစံများအလိုက် အသုံးပြုနိုင်ရန် ထည့်သွင်းပေးထားခြင်း ဖြစ်ပါတယ်။

ဥပမာ Reading View ကို နှိပ်လိုက်ပါက သင်ပြုလုပ်ထားတဲ့ Slide ကို ကွန်ပျူတာမှာ Screen အပြည့်အနေဖြင့် ပြသပေးမှာ ဖြစ်ပါတယ်။ သူ့ဘေးနားမှာ ရှိတာကတော့ Zoom ဖြစ်ပါတယ်။ သူကတော့ Slide Area ကို Zoom ဆွဲပြီး ကြည့်ရှုနိုင်ရန် ဖြစ်ပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.