Overview of PowerPoint (2)

Written by S.N.O Published in 06 Aug 2014

Tab တစ်ခုစီ အလိုက် ပါဝင်သော Tools များ

      ဆက်လက်ပြီးတော့ Tab တစ်ခုစီအလိုက် ပါဝင်သော သက်ဆိုင်ရာ Function များကို အကြမ်းမျဉ်း လေ့လာကြည့်ပါမယ်။ ဒီ Tab တွေအလိုက် Tools များ အသုံးပြုပုံကိုတော့ နောက်သင်ခန်းစာများမှာ အသေးစိတ်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

လောလောဆယ်တော့ Tab တစ်ခုစီ အလိုက် ပါဝင်တဲ့ Function တွေကို ယေဘူယျအားဖြင့် သိမှတ်ထားစေရန် ဖော်ပြပေးထားခြင်း ဖြစ်ပါတယ်။

Fig (10)

 

Home

       Home ရဲ့ အဓိကလုပ်ဆောင်ချက်ကတော့ PowerPoint အတွင်းမှာရှိတဲ့ Slide များနဲ့ပတ်သက်ပြီး Font များပြောင်းလဲခြင်း ၊ စာပိုဒ်များထည့်သွင်းခြင်း ၊ ပုံများထည့်သွင်းခြင်း စတဲ့ Editing Function အများအပြားကို တွေ့ရပါလိမ့်မယ်။

ထို့ပြင် စာလုံးအရွယ်အစားအကြီးအသေးကို ပြင်ဆင်ခြင်း ၊ စာလုံးပုံစံ Bold , Italic , Underline များ ထည့်သွင်းအသုံးပြုခြင်း ၊ စာပိုဒ် Align များ ပြင်ဆင်ခြင်း စတာတွေကို အလွယ်တကူ ဆောင်ရွက်နိုင်တဲ့ Menu Tab တစ်ခု ဖြစ်ပါတယ်။

 

Insert

      Insert ကတော့ သင်ပြုလုပ်ဖန်တီးမည့် Presentation တစ်ခုအတွက် ဓါတ်ပုံများထည့်သွင်းခြင်း ၊ စာရင်း ၊ ဇယားပုံစံ များထည့်သွင်းခြင်း ၊ Slide နံပတ်များ ၊ WordArt များ ထည့်သွင်းခြင်း ၊ Slide အသစ်များ ထပ်မံထည့်သွင်းခြင်း ၊ စတာတွေ အတွက် အသုံးပြုနိုင်တဲ့ Tab တစ်ခု ဖြစ်ပါတယ်။

 

Design

    Design ကတော့ Slide Show တစ်ခုပြုလုပ်ရန် တော်တော်လေး အထောက်အကူပေးနိုင်သည့် Menu Tab တစ်ခု ဖြစ်ပါတယ်။

Design Tab အတွင်းမှာဆိုရင် Presentation တစ်ခု ပြုလုပ်ရန်အတွက် အရံသင့် အသုံးပြုနိုင်သော Themes များစွာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

 

Transitions

    Transitions ကတော့ Slide တစ်ခုနှင့်တစ်ခု အကြား ကူးပြောင်းပုံများကို ပိုမိုလှပစေရန် Effect ထည့်သွင်းခြင်း ဖြစ်ပါတယ်။ Slide Show များ ပြုလုပ်ရာမှာ မရှိမဖြစ် လိုအပ်တဲ့ Transitation ပေါင်းများစွာကို တွေ့ရမှာ ဖြစ်ပါတယ်။

 

Animations

    Animations ကလည်း Transitions နဲ့ ဆင်ပါတယ်။ ဒါပေမယ့် သူက ဗီဒီယို Effect များပုံစံ ဖြစ်ပါတယ်။ Transitions ကတော့ Slide တစ်ခုနှင့်တစ်ခုအကြား အကူးအပြောင်းဖြစ်ပြီး Animation ကတော့ Slide တစ်ခုအတွက် Effect ထည့်သွင်းခြင်း ဖြစ်ပါတယ်။

 

Slide Show

    Slide Show ကတော့ သင်ပြုလုပ်ထားတဲ့ Presentation အား Slide Show အနေဖြင့် ပြန်လည်ကြည့်ရှုနိုင်သည့် နေရာဖြစ်ပါတယ်။ သင်ပြုလုပ်ထားတဲ့ Slide Show အား Playback ပြုလုပ်ပေးသည့်နေရာ ဖြစ်ပါတယ်။

 

Review

    Review ကတော့ အသုံးနည်းပါတယ်။ သူကတော့ စာလုံးပေါင်းစပ်ပေးသည့် Feature များ ၊ Grammer စစ်ပေးသည့် Feature များကို ထည့်သွင်းပေးထားတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

 

View

    View ဟာလည်း အသုံးနည်းပါတယ်။ သူ့ရဲ့ သဘောကတော့ Slide တစ်ခုအတွက် အရောင်များ ၊ Windows Arrangement များ ၊ Master Slide ကို ပြင်ဆင်ခြင်းများ အတွက် အသုံးပြုရပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.