PDF File များကို အလွယ်တကူ Edit လုပ်နိုင်သော PDF Converter

Written by S.N.O Published in 16 Aug 2014

        ဒီဆော့ဖ်ဝဲလေးကတော့ PDF File များအားလုံးကို အလွယ်တကူ တည်းဖြတ်ပြင်ဆင်ပြုလုပ်ပေးနိုင်သော ဆော့ဖ်ဝဲလေး ဖြစ်ပါတယ်။ PDF File မှ အခြား Microsoft Word , JPG, TXT , Gif အစရှိသည့် File အမျိုးအစားများသို့ အလွယ်တကူ ပြောင်းလဲရယူနိုင်တာကြောင့် Edit လုပ်ရာမှာ အဆင်ပြေပြေ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

        တစ်ခါတစ်ရံ PDF Format များမှ စာသားများ ၊ ဓါတ်ပုံများ ၊ Letter များကို Document များအတွင်း ထည့်သွင်း အသုံးပြုလိုကြပါတယ်။ ဒီလို အခါမျိုးမှာ PDF File မှ အကြောင်းအရာများကို တစ်ခုခြင်းစီ Copy ဆွဲပြီး အသုံးပြုလိုတဲ့ Document များအတွင်း ထည့်သွင်းရပါတယ်။ ဒီလို ပြဿနာမျိုးတွေ ကြုံလာတဲ့အခါမှာ PDF Converter ကို အသုံးပြုနိုင်ပါတယ်။

အရင်ဦးဆုံး PDF Converter ကို ဖွင့်လိုက်ပါ။ ပြီးနောက် ပြောင်းလဲပေးချင်တဲ့ PDF File တစ်မျိုးမျိုးကို ထည့်သွင်းပြီး Word File အနေဖြင့် ပြောင်းလဲပစ်လိုက်ပါ။ ဒါဆိုရင် ၎င်း PDF File ကို Microsoft Word File အနေဖြင့် ရရှိလာမှာ ဖြစ်ပါတယ်။

ပြီးနောက် သင်နှစ်သက်သလို Microsoft Word မှာ ဖွင့်ပြီး စိတ်ကြိုက်ပြင်ဆင် ပေးနိုင်ပါတယ်။ ဒီနေရာမှာ တစ်ခု တင်ပြချင်တဲ့အချက်ကတော့ Microsoft Word 2013 ဟာ PDF File များကို ဖွင့်နိုင်ပြီး တိုက်ရိုက် Edit ပြုလုပ်လို့ ရပါတယ်။

ဒါပေမယ့် PDF File တွင်ပါဝင်သော Document များ စာမျက်နှာများအလိုက် အချိန်တော်တော်လေး ပေးရပါတယ်။ ဒါကြောင့် PDF Converter ကို ပြောင်းလဲ အသုံးပြုခြင်း ဖြစ်ပါတယ်။

 

 

        PDF Converter မှာ သာမန် Install ပြုလုပ်ပြီး အသုံးပြုလို့ရသလို အွန်လိုင်းနဲ့ ချိတ်ဆက်ပြီး အသုံးပြုနိုင်တဲ့ Feature များလည်း ထည့်သွင်းပေးထားပါတယ်။ အွန်လိုင်းနဲ့ ချိတ်ဆက်ပြီး အသုံးပြုမယ်ဆိုရင်တော့ PDF မှ Word , အပြင် အခြားသော File Extension များစွာကိုလည်း ရယူအသုံးပြုနိုင်ပါတယ်။

ထို့ပြင် ဆော့ဖ်ဝဲမှ တိုက်ရိုက် Edit ပြုလုပ်နိုင်သော Tools များစွာကိုလည်း ထည့်သွင်းပေးထားတာကြောင့် user များအကြိုက်တွေ့စေမည့် ဆော့ဖ်ဝဲ ကောင်းလေး ဖြစ်ပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.