PDF File အား Word 2013 တွင်ထည့်သွင်း တည်းဖြတ်ခြင်း

Written by S.N.O Published in 21 Jun 2014

PDF Document အား Open လုပ်ခြင်း

Word 2013 တွင် PDF File များကို အလွယ်တကူ File >Open မှတစ်ဆင့် Open လုပ်လို့ရပါတယ်။ သင်ဖွင့်လိုသည့် PDF File ကို ရွေးချယ်ပြီး အလွယ်တကူ Open လုပ်ပေးခြင်းအားဖြင့် Word တွင် PDF Format File ကို ထည့်သွင်း ဖွင့်လှစ်နိုင်ပါတယ်။ အောက်ဖော်ပြပါပုံကို ကြည့်ပါ။
 

Fig (1)

PDF File ကို ရွေးချယ်ပေးပြီးနောက်မှာ Open ကို နှိပ်လိုက်ပါ။ ညာဖက်အခြမ်းတွင် PDF File ကို Preview အနေဖြင့် ပြသပေးထားတာကို တွေ့ရပါလိမ့်မယ်

 

Fig (2)

PDF File မှ Word File သို့ Convert ပြုလုပ်ကာ ပြောင်းလဲမည်လားဆိုတာမေးတာ ဖြစ်ပါတယ်။ OK ကို နှိပ်ပေးလိုက်ပါ။ ဒီလို Convert ပြုလုပ်ရာမှာ PDF File မှာ ပါဝင်တဲ့ စာမျက်နှာအရေအတွက်အလိုက် ကြာမြင့်နိုင်ပါတယ်။ စာမျက်နှာများရင် Convert ပြုလုပ်တဲ့ အချိန် ပိုမိုကြာမြင့်နိုင်ပါတယ်။

များသောအားဖြင့် မူလ PDF File ရဲ့ Layout အတိုင်း Word မှ ပြန်လည်ဖော်ပြပေးတာကို တွေ့ရပါလိမ့်မယ်။ ဥပမာအားဖြင့် စာရွက်ရဲ့ Margin၊ ကော်လံ၊ ဇယားများ၊ Frame များ၊ အရောင်များ၊ Font Effect များကအစ မူလ Original  PDF အတိုင်း ပြန်လည်ဖော်ပြပေးမှာ ဖြစ်ပါတယ်။ အောက်က ပုံကတော့ Word မှတစ်ဆင့် PDF File ကို ဖွင့်လိုက်တဲ့ ပုံစံအတိုင်း ဖြစ်ပါတယ်။  

 

Fig (3)

PDF File အား ပြန်လည်ပြင်ဆင်ခြင်း

Word မှ Open ပြုလုပ်ပြီးသွားသော PDF File များအား အလွယ်တကူ ပြန်လည် Edit ပြုလုပ်ကာ ပြန်လည်ပြင်ဆင်နိုင်ပါတယ်။

ဥပမာအားဖြင့် စာပိုဒ်များ ထပ်မံထည့်သွင်းခြင်း၊ ဓါတ်ပုံများ၏ အရွယ်အစား၊ တည်နေရာများအား ပြန်လည်ပြင်ဆင်ခြင်း၊ Text Wrap များ ပြုလုပ်ခြင်း၊ စာမျက်နှာအရွယ်အစားအား ပြင်ဆင်ခြင်း၊ ဘေးမျဉ်း Margin များအား ပြန်လည်ပြင်ဆင်ခြင်း၊ Space ခြားခြင်းများအား ပြန်လည်ပြင်ဆင်ခြင်း အပြင် Font အရွယ်အစားနှင့် Font Attribute များကိုပါ ပြန်လည်ပြင်ဆင်ပေးနိုင်ပါတယ်။

အောက်ကဖော်ပြထားတဲ့ပုံကတော့ PDF File ကို ပြန်လည်ပြင်ဆင်ထားပုံ ဖြစ်ပါတယ်။

 

Fig (4)

ဓါတ်ပုံများကို ပြန်လည်ပြင်ဆင်ရာမှာ ပြင်ဆင်လိုသည့် ဓါတ်ပုံကို Right Click နှိပ်ပြီးနောက် Graphic Option မှတစ်ဆင့် စိတ်ကြိုက် ပြင်ဆင်နိုင်ပါတယ်။

Graphic Option တွင် ဓါတ်ပုံပြင်ဆင်ရန်အတွက် Crop (ဖြတ်တောက်ခြင်း) ၊ Sizing (အရွယ်အစားပြောင်းလဲခြင်း)၊ Formatting (Format ပြင်ဆင်ခြင်း)၊ Positioning (နေရာကိုပြင်ဆင်ခြင်း)၊ Captions (ခေါင်းစဉ်များရေးထိုးခြင်း) ၊ Hyperlinks (Web Link များထည့်သွင်းခြင်း) စတာတွေကို အလွယ်တကူ လုပ်ဆောင်နိုင်ပါတယ်။

PDF File အနေဖြင့်ပြန်လည်သိမ်းဆည်းခြင်း

သင့်အနေဖြင့် Word 2013 မှာ PDF File များကို သင့်စိတ်ကြိုက် ပြန်လည်ပြင်ဆင်ပြီးသွားပြီဆိုရင်တော့ PDF File Format အနေဖြင့် ပြန်လည်သိမ်းဆည်းနိုင်ပါတယ်။ ဒီလိုသိမ်းဆည်းရန်အတွက် File Menu ထဲမှတစ်ဆင့် SaveAs ကိုနှိပ်ကာ သိမ်းဆည်းနိုင်ပါတယ်။ ထိုသို့သိမ်းဆည်းရာမှာ Save As Type နေရာတွင် PDF Format ကိုတော့ ပြန်လည်ရွေးချယ်ပေးရန် လိုအပ်ပါတယ်။

ဒါမှသာ PDF Format အနေဖြင့် ပြန်လည်သိမ်းဆည်းနိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ Word File အနေဖြင့် သိမ်းဆည်းချင်တယ်ဆိုရင်တော့ Word Document (*.docx) ကို ရွေးချယ်ပြီး Microsoft Word File အနေဖြင့် သိမ်းဆည်းပေးနိုင်ပါတယ်။  

 

Fig (5)

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.