Pen Drive များတွင် ဖြစ်တတ်သော Data Tansfer Speed ကျဆင်းခြင်း အကြောင်းအရာများ

Written by S.N.O Published in 21 Aug 2014

        Pen Drive များ (သို့မဟုတ်) USB Drive များကို အသုံးပြုရာမှာ သက်တမ်းကြာရှည်လာတာနဲ့ အမျှ ၎င်းရဲ့ စွမ်းဆောင်ရည်များ အထူးသဖြင့် Data Transfer Speed များ ကျဆင်းလာတတ် ပါတယ်။ ဒီလိုမျိုး Performance ကျဆင်းရခြင်းရဲ့ အဓိက အကြောင်းအရာ သုံးချက် ရှိပါတယ်။

1. Pen Drive Ageing

        Pen Drive အားလုံးနီးပါးဟာ သက်တမ်းကြာရှည်လာတာနှင့်အမျှ စွမ်းဆောင်ရည် ကျဆင်းလာကြပါတယ်။ ထိုနည်းအတူ ကွန်ပျူတာ Hard Disk များဟာလည်း သက်တမ်းကြာရှည်လာလျှင် Speed ကျဆင်းလာကြပါတယ်။

ဒါကြောင့် ဒီနေရာမှာ တစ်ချက် ပြောချင်တာကတော့ ကွန်ပျူတာ Hard Disk များကို ၀ယ်ယူမည်ဆိုပါက သက်တမ်း အလွန်ကြာရှည်လွန်းသော Hard Disk များကို ၀ယ်ယူ ခြင်းမှ ရှောင်ရှားသင့်ပါတယ်။

ဒီတော့ Data များကို အဓိက ထည့်သွင်းသိမ်းဆည်းရာ Storage Drive များအားလုံးဟာ အချိန်ကြာ သက်တမ်းကြာလျှင် စွမ်းဆောင်ရည် ကျဆင်းတတ်ပါတယ်။

2. Type of Format

သင့်ရဲ့ Pen Drive ဟာ ၀ယ်ယူထားတာလည်း မကြာသေးပဲနဲ့ Performance ကျဆင်းနေမယ်ဆိုရင် ဒါဟာ File စနစ် မှားယွင်းနေလို့လည်း ဖြစ်နိုင်ပါတယ်။

        အချို့သော Pen Drive တွေကတော့ NTFS နဲ့ ပြောင်းလဲအသုံးပြုရာမှာ အံသြဖွယ်ရာ မြန်ဆန်လာတာကို တွေ့ရပါတယ်။ ဒါပေမယ့် များသောအားဖြင့် USB Drive များအားလုံးနီးပါးဟာ FAT နဲ့ သာ အသုံးပြုထားကြပါတယ်။

 

 

3. USB Port Version

        ဒီအချက်ဟာလည်း USB Drive အသုံးပြုသူတွေ အတွက် အဓိက ကျတဲ့အချက်တစ်ချက် ဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ မြန်နှုန်းမြင့် USB Drive (USB 3.0 ) ကို ၀ယ်ယူအသုံးပြုထားပြီး သင့်ရဲ့ ကွန်ပျူတာဟာ USB 2.0 ကိုသာ Support လုပ်မယ်ဆိုရင် ဒီ Pen Drive ရဲ့ စွမ်းဆောင်ရည်ဟာ ကျဆင်းနေမှာ ဖြစ်ပါတယ်။

ဒါကြောင့် Pen Drive များ စွမ်းဆောင်ရည် ကျဆင်းရခြင်းမှာ ဒီလို USB Port Version ကွာခြားခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။

4. Error Check

        ဒါကတော့ သင့်ရဲ့ Pen Drive အတွင်းမှာ မလိုလားအပ်သော Virus များ ၀င်ရောက်နေမယ်၊ Error များ ရှိနေမယ်ဆိုရင် ဒီ Pen Drive ရဲ့ စွမ်းဆောင်ရည်ဟာ အထိုက်အလျှောက် ကျဆင်းနေမှာ ဖြစ်ပါတယ်။

ဒီလိုမျိုး Error များကို ဖြေရှင်းပေးရန်အတွက် Error Check ကို အသုံးပြုကြည့်ပါ။ ဒါမှ မဟုတ်ရင်တော့ သင့်ရဲ့ Drive ကို Format ပြန်ချကြည့်လိုက်ပါ။

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.