PowerPoint မှ Slide များကို ဓါတ်ပုံဖိုင် (JPEG) အနေဖြင့် ပြောင်းလဲခြင်း
လက်ရှိ ပြုလုပ်ဖန်တီးထားတဲ့ PowerPoint မှ Slide များကို ဓါတ်ပုံဖိုင် (JPEG)အနေဖြင့် ပြောင်းလဲရယူနိုင်ပါတယ်။ PowerPoint ဟာ Presentation ပြုလုပ်ရန် ထုတ်လုပ်ထားသော Software တစ်ခုဖြစ်ပေမယ့် ၎င်းအတွင်း ပြုလုပ်ထားသော Slide များ စာသားများကို ဓါတ်ပုံဖိုင် (JPEG) အနေဖြင့် ပြောင်းလဲနိုင်သည့် Feature ထည့်သွင်းပေးထားပါတယ်။
PowerPoint တွင် ပြုလုပ်ထားသော Presentation တစ်ခုက ဓါတ်ပုံဖိုင် (JPEG) ပြောင်းလဲရန်အတွက် Menu Bar ရှိ File ကိုနှိပ်လိုက်ပါ။
ပြီးနောက် Save As ကို ရွေးချယ်ပေးလိုက်ပါ။
နှစ်သက်ရာ နေရာတစ်ခုတွင် အမည်တစ်မျိုးပေး၍ သိမ်းဆည်းပေးရမှာ ဖြစ်ပါတယ်။ ဒီလိုမျိုးသိမ်းဆည်းရာမှာ Save As Type နေရာတွင် JPEG ကို ပြောင်းလဲ ရွေးချယ်ပေးလိုက်ပါ။
ယခုဆိုလျှင် PowerPoint တွင် ပြုလုပ်ဖန်တီးထားသော Slide များကို JEPG အနေဖြင့် ပြောင်းလဲရယူနိုင်ပြီ ဖြစ်ပါတယ်။ JPEG အပြင် အခြားအသုံးများတဲ့ File Format တွေကတော့ GIF File , PNG , TIFF စတဲ့ ဓါတ်ပုံဖိုင် အမျိုးအစားများ ဖြစ်ပါတယ်။
အထက်ပါပုံကို လေ့လာကြည့်ပါ။ PowerPoint မှ ထုတ်လုပ်ရယူနိုင်သော File အမျိုးအစားများကို ပြသပေးထားခြင်း ဖြစ်ပါတယ်။