PowerPoint မှ Slide များကို PDF အနေဖြင့် ပြောင်းလဲခြင်း

Written by S.N.O Published in 27 Aug 2014

      လက်ရှိ ပြုလုပ်ဖန်တီးထားတဲ့ PowerPoint မှ Slide များကို PDF File အနေဖြင့် ပြောင်းလဲရယူနိုင်ပါတယ်။ PowerPoint ဟာ Presentation ပြုလုပ်ရန် ထုတ်လုပ်ထားသော Software တစ်ခုဖြစ်ပေမယ့် ၎င်းအတွင်း ပြုလုပ်ထားသော Slide များ စာသားများကို Ebook အနေဖြင့် PDF ပြောင်းလဲနိုင်သည့် Function ထည့်သွင်းပေးထားပါတယ်။

PowerPoint တွင် ပြုလုပ်ထားသော Presentation တစ်ခုကို PDF ပြောင်းလဲရန်အတွက် Menu Bar ရှိ File ကိုနှိပ်လိုက်ပါ။

 

 

ပြီးနောက် Save As ကို ရွေးချယ်ပေးလိုက်ပါ။

 

 

နှစ်သက်ရာ နေရာတစ်ခုတွင် အမည်တစ်မျိုးပေး၍ သိမ်းဆည်းနိုင်ပါတယ်။ ဒီလိုမျိုးသိမ်းဆည်းရာမှာ Save As Type နေရာတွင် PDF ကို ပြောင်းလဲရွေးချယ်ပေးရန် လိုအပ်ပါတယ်။ ဒါမှသာ PDF File အနေဖြင့် ပြောင်းလဲသိမ်းဆည်းပေးမှာ ဖြစ်ပါတယ်။

 

 

အခု Options ကို ဆက်လက်လေ့လာပါမယ်။ Save As Type နေရာမှာ PDF ကို ပြောင်းလဲရွေးချယ်ပြီးနောက် Options ကိုနှိပ်လိုက်ပါ။ ဒါဆိုရင် PDF File ထုတ်လုပ်ခြင်းနဲ့ပတ်သက်ပြီး အသေးစိတ်ပြင်ဆင်ပေးနိုင်သည့် Options ကျလာတာကို တွေ့ရပါလိမ့်မယ်။

 

 

အပေါ်ဖက်ဆုံးရှိ Range နေရာမှာတော့ All ကို ရွေးချယ်ထားပါတယ်။ တကယ်လို့ သင်ဟာ စာမျက်နှာများ Slide များကို ကန့်သတ် ထုတ်လုပ်ချင်တယ်ဆိုရင်တော့ Slide ဘေးမှာ အမှန်လေး ထည့်ပေးလိုက်ပါ။ ပြီးနောက် From မှာ 1 ကိုထားပြီး To မှာတော့ သင်ထည့်သွင်းလိုသည့် Slide အရေအတွက်ကို ပြောင်းလဲသတ်မှတ်နိုင်ပါတယ်။ သင့်အနေဖြင့် Slide 1 မှ 3 အထိပဲ ထုတ်ချင်တယ်ဆိုရင် To နေရာမှာ 3 လို့ ပြောင်းလဲသတ်မှတ်ပေးရမှာ ဖြစ်ပါတယ်။

 

 

တကယ်လို့ Slide တစ်ခုအတွင်း ရေးသားထားတဲ့ Comment များကိုပါ ပါဝင်စေချင်တယ်ဆိုရင်တော့ Include Comments
and ink markup နေရာဘေးတွင် အမှန်ခြစ်လေး ထည့်သွင်းပေးလိုက်ပါ။ ဒါဆိုရင် Slide များအတွင်း ပြုလုပ်ဖန်တီးထားတဲ့ Comment များပါ PDF အနေဖြင့် ပါဝင်လာမှာ ဖြစ်ပါတယ်။ ပြီးနောက် OK ကိုနှိပ်လိုက်ပါ။ ဒါဆိုရင် သင့်စိတ်ကြိုက် PDF File တစ်ခုကို ရရှိသွားပြီ ဖြစ်ပါတယ်။

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.