PowerPoint 2013 (Getting Start)

Written by S.N.O Published in 05 Aug 2014

Review

      ဒီသင်ခန်းစာလေးကတော့ PowerPoint 2013 အသုံးပြုပုံကို အခြေခံမှတဆင့် အသေးစိတ် အသုံးပြုပုံများအထိ အဆင့်ဆင့် ရှင်းလင်းသင်ကြားပေးမည့် သင်ခန်းစာလေး ဖြစ်ပါတယ်။

PowerPoint ဟာ Slide Show များ ပြုလုပ်ခြင်းနှင့် Presentation များ ပြုလုပ်ရာမှာ အသုံးပြုနိုင်တဲ့ ဆောဖ့်ဝဲ ဖြစ်ပါတယ်။ ဒီလို Presentation ပြုလုပ်နိုင်သော ၊ Slide Show ပြုလုပ်နိုင်သော ဆောဖ့်ဝဲပေါင်းများစွာ ရှိပါတယ်။

ဒါပေမယ့် Microsoft မှ ထုတ်လုပ်ထားတဲ့ Power Point ဟာ တကယ့်ကို ကောင်းမွန်ပြီး Powerful ဖြစ်တဲ့ Function များစွာပါဝင်တဲ့ ဆောဖ့်ဝဲတစ်မျိုး ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ ကျွန်တော်တို့နိုင်ငံမှာ Slide Show , Presentation များ ပြုလုပ်တော့မယ်ဆိုရင် Power-Point ကိုသာ Standard အနေဖြင့် အသုံးပြုလေ့ ရှိပါတယ်။

 

Getting Start

      အခု PowerPoint 2013 ကို သင့်ကွန်ပျူတာအတွင်း Install ပြုလုပ်ကာ ထည့်သွင်းထားရပါမယ်။ တကယ်လို့ သင့်ဆီမှာ PowerPoint 2010 ပဲ Install လုပ်ထားမယ်ဆိုရင်လည်း ဒီသင်ခန်းစာပါ အချက်အလက်များကို အဆင်ပြေပြေ စမ်းသပ်အသုံးပြုနိုင်ပါတယ်။

Version များ ကွဲပေမယ့် အခြေခံဆောင်ရွက်ချက်နှင့် အသုံးပြုပုံများကတော့ အားလုံးအတူတူပင် ဖြစ်ပါတယ်။ PowerPoint 2013 ကတော့ နောက်ဆုံးထွက် Version ဖြစ်ပြီး သူ့အတွင်းမှာ Template များ ၊ Effect များ ပိုမိုပါဝင်လာတာကို တွေ့ရပါတယ်။

PowerPoint 2013 ကို သင့်ကွန်ပျူတာ အတွင်း Start Menu > All Program > Microsoft Office 2013 > PowerPoint ကို ရွေးချယ်ပြီး ဖွင့်လိုက်ပါ။ PowerPoint 2013 ကို ဖွင့်လိုက်လျှင် သူ့ထဲမှာ အသင့်ပါဝင်ပြီးသား Template များ ကို ပြသပေးမှာ ဖြစ်ပါတယ်။ ဒီတော့ သင်အသုံးပြုလိုသော Template ကို ရွေးချယ်ကာ အရံသင့်အသုံးပြုနိုင်ပါတယ်။

 

Fig (1)

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.