PowerPoint 2013 (Using Template)
Using Template
အခု Organic ဆိုတဲ့ Template ကို ရွေးချယ်ပေးလိုက်ပါတယ်။ ထို့နောက် Organic Template နဲ့ပတ်သက်ပြီး ရွေးချယ်စရာ ပုံစံများကို ယခုလို တွေ့ရပါလိမ့်မယ်။ ညာဖက်အကွက်အတွင်းမှ သင်လိုချင်သော ပုံစံတစ်မျိုးမျိုး ကို ရွေးချယ်ပေးနိုင်ပါတယ်။ Title Layout ကတော့ စာသားခေါင်းစဉ်များ ထည့်သွင်းရန် ဖြစ်ပါတယ်။ သူ့အောက်က Subtitle ကတော့ နောက်ထပ် ခေါင်းစဉ်အသေးလေး ရေးထိုးရန် နေရာဖြစ်ပါတယ်။
တကယ်လို့သင့်အနေဖြင့် Template တွေကို မသုံးချင်ဘူးဆိုရင်တော့ New Document ကိုသာ ရွေးချယ်ပြီး စိတ်တိုင်းကျ အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် လောလောဆယ်မှာတော့ အလွယ်တကူ အသုံးပြုနိုင်စေရန် Template ကိုသာ ရွေးချယ်ပေးလိုက်ပါတယ်။
Fig (2)
ဒီလို Template ကို ရွေးချယ်ပြီးနောက် ယခုလို New Document တစ်ခုကို ရရှိသွားပြီ ဖြစ်ပါတယ်။ ဒီ Document မှာ Click to add title နေရာမှာ Mouse နှင့် Click နှိပ်လိုက်ပါ။ ပြီးနောက် Sample ဆိုပြီး နာမည် ပြောင်းရိုက်လိုက်ပါ။
Fig (3)
ယခုလိုပုံစံကို ရရှိလာမှာ ဖြစ်ပါတယ်။ Subtitle နေရာမှာလည်း သင်ပေးချင်သော အမည်တစ်ခုခုကို ရိုက်ထည့်လိုက်ပါ။
Fig(4)
Adding New Slide
အခုဆက်လက်ပြီး ပြုလုပ်ဖန်တီးထားတဲ့ Slide Show အတွင်း နောက်ထပ် Slide အသစ်များကို ထည့်သွင်းဖန်တီးပါမယ်။ Presentation တစ်ခု ပြုလုပ်ရာမှာ လိုအပ်သော ပုံအရေအတွက် ၊ စာသား အရေအတွက်ပေါ် မူတည်ပြီး Slide များစွာကို ထည့်သွင်း အသုံးပြုရပါတယ်။ New Slide အသစ်တစ်ခုကို ထပ်မံ ထည့်သွင်းရန်အတွက် ဘယ်ဖက်ရှိ Slide နေရာတွင် Right Click နှိပ်၍ New Slide ကို ရွေးချယ်ပေးလိုက်ပါ။
Fig (5)
ဒါဆိုရင် သင့် Slide Show အတွင်း နောက်ထပ် Slide တစ်ခု ထပ်မံ ရောက်ရှိလာတာကို တွေ့ရပါလိမ့်မယ်။
Fig (6)
ပြီးနောက် သင်ပြုလုပ်ထားတဲ့ Slide Show ကို ပြန်လည် ကြည့်ရှုရန်အတွက် Slide Show Tag မှ From Beginning ကို ရွေးချယ်ပေးလိုက်ပါ။
Fig (7)
ယခုဆိုရင်တော့ သင်ပြုလုပ်ဖန်တီးလိုက်တဲ့ Slide Show ကို Preview အနေဖြင့် ပြန်လည်ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။ သင့်အနေဖြင့် Presentation တစ်ခု ပြုလုပ်ရန်အတွက် လိုအပ်သော Slide အရေအတွက်ကို ထည့်သွင်းကာ ပြုလုပ် ဆောင်ရွက်နိုင်ပြီ ဖြစ်ပါတယ်။