Private- Message များကို ဖျက်ပစ်နိုင်သော Wiper Application

Written by S.N.O Published in 22 Jul 2014

  လွန်ခဲ့တဲ့ရက်ပိုင်းအတွင်း အသစ်ထွက်လာတဲ့ Wiper ဆိုသည့် Application လေးဟာ သင့်မိုဘိုင်းဖုန်းအတွင်း ပေးပို့ထားသော စာသားများ ၊ ဓါတ်ပုံများ ကို သင့်ပေးပို့ထားသူရဲ့ ဖုန်းအတွင်းမှ ပြန်လည်ဖျက်ပစ်နိုင်ကြောင်း သတင်းတစ်ရပ် ထွက်ပေါ်လာပါတယ်။

ဒီလိုမျိုး ကောင်းမွန်တဲ့ Application လေးတစ်ခု ထွက်ပေါ်လာခြင်းအားဖြင့် မိုဘိုင်းဖုန်းအသုံးပြုသူများအတွက် အလွန်အသုံးဝင်တဲ့ Message Application တစ်ခု အသစ်အနေဖြင့် ထပ်မံတိုးပွားလာပါတယ်။

 

 

    Wiper Application ဟာ သင့်အနေဖြင့် သူငယ်ချင်းတစ်ယောက်ယောက်စီကိုပဲဖြစ်ဖြစ် ၊ ဒါမှမဟုတ် အခြားသော သူများစီကိုပဲဖြစ်ဖြစ် Message စာသားများ၊ ဓါတ်ပုံများကို မှားယွင်းပြီး ပေးပို့မိမယ်ဆိုရင် ၎င်းဖုန်းအတွင်းမှ ပြန်လည်ဖျက်ပစ်လို့ရပါတယ်။

ဒီ Application ဟာ သင့်ရဲ့ကိုယ်ရေးကိုယ်တာကိစ္စရပ်များကို ဖုန်းနှင့်မှားယွင်းပို့ခြင်းကို ပြန်လည်ပြင်ဆင်နိုင်ပါတယ်။ ထို့အပြင် Wiper Application ဟာ လုံခြုံရေးစနစ်လည်း အထူးကောင်းမွန်တာကြောင့် မိုဘိုင်းဖုန်းအတွင်း အခြားသော Snapchat , GroupMe , Kik တို့ထက်စာလျှင် သူ့ကို အသုံးပြုခြင်းဟာ ပိုမိုသင့်တော်ပါတယ်။

Wiper ဟာ ဖုန်းအသုံးပြုသူအချင်းချင်း၊ စာသားများပေးပို့ခြင်း၊ ဓါတ်ပုံများပေးပို့ခြင်း၊ ဗီဒီယိုများ ပေးပို့ခြင်းများ ကိုလည်း အပြန်အလှန်ဆောင်ရွက်အသုံးပြုနိုင်တဲ့ Application လေးတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် Group Me နှင့် Facebook Messenger များကဲ့သို့ Wiper ကို အသုံးပြုနိုင်ပါတယ်။

နောက်ထပ်အားသာချက်ကတော့ GIF ပုံဖိုင်များ ကိုလည်း ပေးပို့နိုင်ခြင်း ဖြစ်ပါတယ်။ Wiper ကို အသုံးပြုပြီး VoIP Call များ ကိုလည်း အလွန်တကူ ဆောင်ရွက်နိုင်တာကြောင့် မိုဘိုင်းဖုန်းအသုံးပြုသူများ နှစ်သက်စေမည့် Application အသစ်လေးတစ်ခု ဖြစ်ပါတယ်။

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.