Program တစ်ခုရဲ့ Compatibility Settings ကို ပြင်ဆင်ခြင်း

Written by S.N.O Published in 09 Oct 2014

        တစ်ခါတစ်ရံမှာ Windows အတွင်း ထည့်သွင်းအသုံးပြုထားသော Program Software များဟာ Version နိမ့်နေတတ်ပါတယ်။ ဒီလို Version နိမ့်နေတဲ့အခါမျိုးမှာ အဲဒီလို Program မျိုးကို Windows မှ အဆင်ပြေပြေ Run မလုပ်ပေးနိုင်ပါဘူး။ Error Message တွေပဲပြပြီး Close လုပ်သွားတာကို တွေ့ရပါတယ်။

ဒီလိုမျိုး Error တွေကို Program Compatibility Settings ကို အသုံးပြုပြီး ဖြေရှင်းပေးလို့ရပါတယ်။ ဒါပေမယ့် Program အားလုံးကိုတော့ မဖြေရှင်းပေးနိုင်ပါဘူး ။

ဥပမာ Version အရမ်းနိမ့်နေတဲ့ Program များ ၊ Windows နှင့် အဆင်မပြေတဲ့ Program များကိုတော့ သင့်အနေဖြင့် Fix လုပ်နိုင်မှာ မဟုတ်ပါဘူး။ Windows နဲ့ Fix ဖြစ်ပြီး Error ဖြစ်နေတဲ့ Program များကိုသာ ဖြေရှင်းပေးနိုင်ပါတယ်။

Program Compatibilty Settings ကို ၀င်ရောက်ရန်အတွက် Start ကို နှိပ်လိုက်ပါ။ ပြီးနောက် အောက်ဆုံးရှိ Search အကွက်မှာ compatibility လို့ ရိုက်ထည့်လိုက်ပါ။

 

 

ပြီးနောက် Enter နှိပ်လိုက်ပါ။

 

 

ပြီးနောက် Next button ကို နှိပ်လိုက်ပါ။ ဒါဆိုရင် သင့်ကွန်ပျူတာထဲမှာ Error ဖြစ်နေတဲ့ Program များကို Scan ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။

 

 

Scan ပြုလုပ်သည့် အချိန်ဟာ သင့်ကွန်ပျူတာအတွင်း ထည့်သွင်းထားတဲ့ Program အနည်းအများပေါ်မူတည်ပြီး ကြာမြင့်မှာ ဖြစ်ပါတယ်။ တကယ်လို့ သင့်ကွန်ပျူတာအတွင်းရှိ Error ရှိ တဲ့ Program တစ်စုံတစ်ရာကို မတွေ့ဘူးဆိုရင်တော့ အောက်ပါ အတိုင်း ပြသပေးမှာ ဖြစ်ပါတယ်။

 

 

Program တစ်ခုချင်းစီအလိုက် Error များကို ဖြေရှင်းပေးချင်တယ်ဆိုရင်တော့ သင် Error Fix လုပ်ချင်တဲ့ Program တစ်ခုခုကို ရွေးပါ ပြီးနောက် Next ကို နှိပ်လိုက်ပါ။

 

 

အခု ဒီ Program ကို Windows XP (Service Pack 2 ) အနေဖြင့် ပြောင်းလဲပြီး Fix လုပ်ကာ Run ပေးမှာ ဖြစ်တဲ့အကြောင်း Windows မှ ပြန်လည်ပြောကြားပေးမှာ ဖြစ်ပါတယ်။ ဒါဆိုရင် ဒီ Program ကို အဆင်ပြေပြေ Run လုပ်လို့ရပြီဖြစ်ပါတယ်။

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.