Quick Tip: Quick Grids and Live Distribute with InDesign CS5(1)
ဒီသင်ခန်းစာလေးကတော့ InDesign CS 5 အတွင်း ပုံဖိုင်များကို ထည့်သွင်းပြီး လိုအပ်သလို Layout ချခြင်း၊ Frame များ ထည့်သွင်းခြင်း၊ Grid Distribute Feature များအသုံးပြုခြင်းကို အဆင့်ဆင့်လေ့လာရမည့် သင်ခန်းစာ ဖြစ်ပါတယ်။
Step 1
InDesign CS 5 ကို ဖွင့်ပြီးနောက် Document အသစ်တစ်ခုကို ဖန်တီးထားပါ။ ပြီးနောက် Rectangle Frame Tool (F) ကို Tool Box မှတဆင့် ရွေးချယ်ပေးလိုက်ပါ။
Step 2
ထို့နောက် အောက်ပါပုံအတိုင်း Mouse နှင့် ဖိဆွဲပြီး လေးထောင့်အကွက်လေးများကို ထည့်သွင်းလိုက်ပါ။ ဒီလိုထည့်သွင်းရာမှာ အရင်ဦးဆုံး လေးထောင်ပုံတစ်ပုံကိုသာ ဆွဲသားပါ။ ပြီးနောက် လွတ်နေသောနေရာတွင် နောက်ထပ် Click တစ်ချက်နှိပ်ပါ။ ဒါဆိုရင် နောက်ထပ် Rectangle ထပ်မံ ထည့်သွင်းမှာလားဆိုတာကို မေးပါလိမ့်မယ်။
OK ကိုသာ ရွေးချယ်ပေးလိုက်ပါ။ ဒီနည်းလမ်းအတိုင်း သင်လိုအပ်သော လေးထောင်ပုံများကို ထည့်သွင်းနိုင်ပါတယ်။ လေးထောင့် အကွက်တစ်ကွက်နှင့် တစ်ကွက် ကြားအကွာအဝေး တူညီစေရန်အတွက် Keyboard မှ Down Arrow , Up Arrow တို့ကို အသုံးပြုပြီး ချိန်ပေးနိုင်ပါတယ်။
Step 3
အကွက်တစ်ကွက်ချင်းစီအတွင်း ပုံများ ထည့်သွင်းရန်အတွက် File Menu ထဲမှ Place (Ctrl+D) ကိုနှိပ်ကာ သင့်ကွန်ပျူတာအတွင်း မှ ပုံများကို ရွေးချယ်ပေးလိုက်ပါ။ ဒါဆိုရင် သင်ရေးဆွဲထားတဲ့ အကွက်အတွင်း ပုံများ ၀င်သွားတာကို တွေ့ရပါလိမ့်မယ်။