Quick Tip: Quick Grids and Live Distribute with InDesign CS5(2)

Written by S.N.O Published in 08 Aug 2014

Step 4
ပုံများရဲ့ အရွယ်အစားအလိုက် Ctrl + Shift + Mouse နှင့် ချုံခြင်း၊ ချဲ့ခြင်းများကို အလိုရှိသလို ဆောင်ရွက်လို့ရပါတယ်။ တစ်ခါတစ်ရံမှာ ပုံများထည့်သွင်းရာမှာ သင်ဆွဲထားတဲ့ Frame အတွင်း ပုံများ အံဝင်ခွင်ကျ မဖြစ်တာကို တွေ့ရပါလိမ့်မယ်။

အပေါ်ကပုံဟာ ဆွဲထားတဲ့ Frame အတွင်း အံဝင်ဂွင်ကျမဖြစ်ပဲ အနည်းငယ် သေးနေတာကို တွေ့ရပါတယ်။ ဒီအတွက် ပုံပေါ်ကို Click တစ်ချက် နှိပ်လိုက်ပါ။ ပြီးနောက် ညာဖက် အပေါ် Tool Bar ပေါ်ရှိ Fit Content to Frame ကို ရွေးချယ်ပေးလိုက်ပါ။

 

သူ့ဘေးနားမှာ နောက်ထပ် Fit Frame to Content ဆိုတာ တစ်ခုထပ် ရှိပါတယ်။ အဲဒါကတော့ ပုံအရွယ်အစားအလိုက် Frame ဘေးဘောင်ကို ပြောင်းလဲပေးသွားမှာ ဖြစ်ပါတယ်။ လိုအပ်ချက်အလိုက် ၎င်း Tools နှစ်မျိုးစလုံးကို အသုံးပြုနိုင်ပါတယ်။ Content Center ကတော့ ပုံကို ဘောင်ရဲ့ အလယ်တည့်တည့်မှာ ထားလိုတဲ့အခါမှာ အသုံးပြုပါတယ်။

Step 5
ပုံများနှင့် ပတ်သက်ပြီး နောက်ထပ် လုပ်ဆောင်လို့ရတဲ့ အချက်တစ်ချက်ကတော့ ပုံများကို လိုအပ်သလို လှည့်ခြင်း ဖြစ်ပါတယ်။ ဒီလို ပုံများကို လိုအပ်သလို လှည့်လည်ခြင်းအတွက် ပုံရဲ့အစွန်းမှ နေ၍ Mouse နှင့်ဖိကာ လိုအပ်သလို ဆွဲလှည့်နိုင်ပါတယ်။

တကယ်လို့ Alter Key ကို ဖိပြီး ဆွဲလှည့်မယ်ဆိုရင် ပုံများကို ကော်ပီပြုလုပ်ပြီး လှည့်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီလို ပြုလုပ်ခြင်းအားဖြင့် ထူးခြားကောင်းမွန်တဲ့ ပုံဒီဇိုင်းများကို ရရှိစေနိုင်ပါတယ်။

 

 

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.