Quick Tip: Threading Text in InDesign CS 5 (1)
ယခုဖော်ပြမည့် သင်ခန်းစာကတော့ InDesign CS 5 အတွင်း စာမျက်နှာကော်လံများ ခွဲ၍စာရိုက်ခြင်း ၊ စာသားများကို လိုအပ်သလို Layout ချခြင်း ၊ စာသားများ စောင်းခြင်း စတဲ့ စာစီစာရိုက်လုပ်ငန်းစဉ်အတွက် အရေးကြီးတဲ့ လုပ်ငန်းစဉ်များကို ရှင်းလင်းဖော်ပြထားတဲ့ သင်ခန်းစာ ဖြစ်ပါတယ်။
InDesign CS 5 မှာ စာစီစာရိုက်လုပ်ငန်းစဉ် အပြင် Layout လုပ်ငန်း အတွက်ပါ Professional အသုံးပြုနိုင်သည့် Tools ပေါင်းများစွာ ပါဝင်ပါတယ်။ ဒီလို Tools များကို လိုအပ်ချက်အလိုက် သူ့နေရာနှင့်သူ အဆင်ပြေပြေ အသုံးပြုတတ်မယ်ဆိုရင် သင်ဟာ Layout Designer ကောင်းတစ်ယောက် ဖြစ်လာမှာ အသေအချာပါပဲ။
Step 1
ပထမဦးဆုံးလုပ်ရမှာကတော့ ထုံးစံအတိုင်း New Document တစ်ခုကို ဖန်တီးတည်ဆောက်ရမှာ ဖြစ်ပါတယ်။ File >New > Document ကို ရွေးချယ်ပြီး New Document တစ်ခုကို ရယူပါမယ်။ ပြီးနောက် Number of Columns နေရာမှာ 2 သို့မဟုတ် 3 ကို ပြောင်းလဲထည့်သွင်းပါမယ်။ ဒီသင်ခန်းစာမှာတော့ Column သုံးခု ကို ထည့်သွင်းထားပါတယ်။
Step 2
ဒါဆိုရင် သင်ပြုလုပ်ဖန်တီးလိုက်တဲ့ Document မှာ ကော်လံ သုံးခုအနေဖြင့် ရရှိလာမှာ ဖြစ်ပါတယ်။ ပြီးနောက် ဘယ်ဖက်ရှိ Tools Box မှ T ဆိုသည့် Text Tool ကို ယူလိုက်ပါ။ စာရိုက်မည့် နေရာအကျယ်အ၀န်းကို Mouse နှင့် Drug ဆွဲပြီး သတ်မှတ်လိုက်ပါ။ အမှန်တကယ်မှာတော့ ကော်လံတစ်ခုစာကိုသာ Drug ဆွဲပြီး စာရိုက်နိုင်ပါတယ်။
ဒါပေမယ့် ဒီသင်ခန်းစာမှာတော့ ကော်လံနှစ်ခုစာ အရွယ်အစားပမာဏကို Drug ဆွဲပြီး စာရိုက်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ နောက်ပိုင်း ကော်လံ အမျိုးအစားမတူညီသည့် စာသားများကို ကော်လံများ ပြန်လည်ချိန်ညှိတတ်စေရန်နှင့် ကော်လံ အရွယ်အစားကို လိုအပ်သလို ပြန်လည်ပြင်ဆင်နိုင်စေရန် အတွက် ဖြစ်ပါတယ်။
Step 3
ပြီးနောက် နှစ်သက်ရာစာသားများကို ရိုက်ထည့်လိုက်ပါ။ တကယ်လို့စာသားအများကြီးမရိုက်ချင်ရင်တော့ စာတစ်ကြောင်းလိုက် ရိုက်ပြီး ကော်ပီဆွဲကာ စာသားများ တစ်မျက်နှာလောက် ပြည့်အောင် ထည့်ထားလိုက်ပါ။
နောက်ထပ်နည်းလမ်းတစ်ခုကတော့ စာရိုက်မည့် နေရာပမာဏကို Drug ဆွဲသတ်မှတ်ပြီးနောက် Type Menu ထဲမှတဆင့် Fill with placeholder text ကို ရွေးချယ်ပေးလိုက်ပါ။ ဒါဆိုရင် သူ့ဟာသူ စာသားများ နမူနာပုံစံအနေဖြင့် ဖြည့်ပေးသွားပါလိမ့်မယ်။
တစ်ခါတစ်ရံမှာ InDesign နှင့် စာမျက်နှာပုံစံများ ပြုလုပ်ဖန်တီးရာမှာ ဒီ Tool ကို အသုံးပြုခြင်းအားဖြင့် နမူနာစာရွက်ပုံစံ ၊ စာအုပ်ပုံစံများကို အလွယ်တကူရရှိစေရပါတယ်။ နောက်ပိုင်း အဲဒီ စာသားများနေရာမှာ သင်နှစ်သက်ရာ အခြားစာသားများကို အစားထိုးအသုံးပြုနိုင်ပါတယ်။