Quick Tip: Threading Text in InDesign CS 5 (2)

Written by S.N.O Published in 08 Aug 2014

Step 4

      အခုဆက်လက်ပြီး စာမျက်နှာမှာ ထည့်သွင်းထားတဲ့ စာသားများကို Layout ပြန်လည်ပြုလုပ်ပါမယ်။ Pointer Tool ကို ပြန်ယူလိုက်ပါ။ ပြီးနောက် စာသားတွေပေါ်မှာ Click တစ်ချက် နှိပ်လိုက်ပါ။

      ပြီးနောက် အောက်ဖော်ပြပါပုံအတိုင်း စာသားများရဲ့ ညာဖက်မှ Mouse နှင့်ဖိဆွဲပါ။ ဒါဆိုရင် သင်ဆွဲလိုက်တဲ့ပမာဏ အတိုင်းစာသားများရဲ့ ကော်လံဟာ ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။

 

 

Step 5

      အခု နောက်ထပ်စာမျက်နှာသို့ ကျန်ရှိနေသော စာသားများ ကို ကူးယူပါမယ်။ စာသားများအောက်ခြေရှိ အနီရောင် Box သေးသေး လေးကို Mouse နှင့် တစ်ချက်နှိပ်လိုက်ပါ။ ဒါဆိုရင် သင့်ရဲ့ Mouse Pointer ပုံစံဟာ စာပိုဒ်ပုံစံအနေဖြင့် ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ ပြီးနောက် ကော်လံ 2 မှာ Click တစ်ချက် နှိပ်လိုက်ပါ။

ဒါဆိုရင် ပထမ ကော်လံရဲ့ အဆုံးမှ ဒုတိယ ကော်လံ ရဲ့ အစသို့ စာသားများ ကူးပြောင်း သွားတာကို တွေ့ရပါလိမ့်မယ်။ ဒါကို Auto Flow လို့ Pagemaker မှာ ခေါ်ဆိုပါတယ်။

 

 

Step 6

      ဒီလိုမျိုး စာသားတွေကို လိုအပ်သလို ရွေ့ပြောင်းတတ်လာပြီဆိုရင်တော့ နောက်ထပ် စာသားများကို Layout ဒီဇိုင်းအရ စောင်းခြင်း များ ဆက်လက် ပြုလုပ်ပါမယ်။ အခု စာသားတွေကို ဘေးတစောင်းအနေအထား ဖြစ်စေရန်အတွက် စာသားရဲ့အပေါ်နားမှာ Pointer Tool ကို ယူ၍ လိုအပ်သလို ရွှေ့စောင်းခြင်းများ ပြုလုပ်နိုင်ပါတယ်။

 

 

Step 7

      နောက်ထပ် ဆက်ပြီးလေ့လာရမှာကတော့ စာသားများ ဘယ်လို Link လုပ်ထားတယ်ဆိုတာကို လေ့လာရမှာ ဖြစ်ပါတယ်။ ဒီအပိုင်း ကို နားလည်ထားမယ်ဆိုရင် စာသားများရဲ့ တစ်မျက်နှာမှ တစ်မျက်နှာကို ကူးပြောင်းပုံ ၊ စာသားများ Link ဖြစ်နေပုံ ၊ ကော်လံများ ကူးပြောင်း သွားပုံတို့ကိုပါ သိရှိနားလည်သွားမှာ ဖြစ်ပါတယ်။

ဥပမာ သင်ဟာ ကော်လံ 1 မှ ကော်လံ 3 သို့ စာသားများ ကူးပြောင်းထားပြီးမှ ကော်လံ 2 သို့ စာသားများ ဆက်သွားမယ်ဆိုပါစို့၊ ဒါဆိုရင် အလွယ်တကူ ကော်လံ 1 2 3 ဆိုပြီး ကူးပြောင်းသွားတယ်လို့ ထင်နိုင် ပါတယ်။ တကယ် ကော်လံတွေ ဘယ်လိုကူးပြောင်းသွားတယ်ဆိုတာကို သိချင်တယ်ဆိုရင်တော့ View Menu > Extra > Show Text Threads ကို နှိပ်ကာ ကြည့်ရှုနိုင်ပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.