RAM စစ်ဆေးခြင်း

Written by S.N.O Published in 26 May 2014

     RAM ဆိုတာကတော့ အတိုကောက် စကားလုံးဖြစ်ပြီး Random Access Memory ကို ကိုယ်စားပြုထားတာ ဖြစ်ပါတယ်။

RAM ဟာ သင့်ကွန်ပျူတာရဲ့ Motherboard မှာ စိုက်ထည့်ထားတဲ့အရာ တစ်ခု ဖြစ်ပါတယ်။

RAM တွေဟာ သင့်ကွန်ပျူတာရဲ့ အမြန်နှုန်းကောင်းမွန်စေရန်နှင့် Windows OS, Appliction များနှင့် အခြားသော လုပ်ဆောင်ချက်တွေကို အဆင်ပြေပြေ Operate လုပ်နိုင်အောင် ဆောင်ရွက်ပေးပါတယ်။ အလွယ်ဆုံး မှတ်ထားရမှာကတော့ RAM ဆိုတာ System Memory ကို ခေါ်ဆိုတာ ဖြစ်ပါတယ်။

ဒီတော့ RAM များလေလေ သင့်ကွန်ပျူတာဟာ ပိုမို မြန်ဆန်လေ ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ RAM တွေဟာ နည်းနည်း Error တွေ ဖြစ်ပွားတတ်ပါတယ်။ အထူးသဖြင့် သက်တမ်းကြာရှည်နေပြီဖြစ်တဲ့ RAM တွေဟာ Error တွေ ဖြစ်တတ်ပါတယ်။

ဒီလိုမျိုး RAM ERROR (Bad RAM) တွေကို Windows မှ အလွယ်ကူဆုံး စစ်ဆေးနိုင်စေရန် RAM Check လုပ်တဲ့ Feature ထည့်သွင်းပေးထားပါတယ်။ RAM ကောင်းမကောင်း စစ်ဆေးနိုင်ရန်အတွက် Start ကို နှိပ်လိုက်ပါ။ ပြီးနောက် memory ဆိုတဲ့ စာသားလေးကို ရိုက်ထည့်လိုက်ပါ

 

Fig(1)

 

ပြီးနောက် Windows Memory Diagnostic ဆိုတာကို ရွေးချယ်ပေးလိုက်ပါ။ ထို့နောက် အောက်ပါပုံအတိုင်း Windows Memory Diagnostic Dialog Box ကျလာတာကို တွေ့မြင်ရပါလိမ့်မယ် ။

 

Fig(1)

 

ဒီအခါမှာ သင့်အနေနဲ့ အပေါ်ဖက်မှာရှိတဲ့ Restart now and check for problems (Recommended) ဆိုတာကို ရွေးချယ်ပေးလိုက်ပါ။ ဒါဆိုရင် သင့်ကွန်ပျူတာဟာ Restart ကျသွားမှာ ဖြစ်ပြီး ပြန်ပြီး Boot လုပ်တဲ့အခါ သင့်ကွန်ပျူတာရဲ့ RAM ကို စစ်ပေးမှာ ဖြစ်ပါတယ်။

တကယ်လို့ အောက်က Check for problems the next time I start my computer ကို ရွေးချယ်လိုက်မယ်ဆိုရင်တော့ အခု လောလောဆယ် RAM ကို မစစ်သေးပဲနဲ့ နောက်တစ်ကြိမ် ကွန်ပျူတာကို စတင်ဖွင့်တဲ့အခါမှာ RAM ကို စစ်ဆေးပေးမှာ ဖြစ်ပါတယ်။

Memory Test လုပ်တဲ့အခါမှာ သင့်အနေဖြင့် ဘာမှ ထွေထွေးထူးထူး နောက်ထပ် လုပ်ဆောင်ပေးရန် မလိုအပ်ပဲ RAM Error များ ရှိတဲ့အခါမှသာ Windows မှ Error Alarm ကို ထုတ်ပြမှာ ဖြစ်ပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.