Re - Arranging Slide
ဒီသင်ခန်းစာကတော့ Power Point အတွင်းရှိ ထည့်သွင်းအသုံးပြုထားသော Slide များကို နှစ်သက်သလို ပြန်လည်
Re - Arrange ပြုလုပ်ပြီး အသုံးပြုခြင်း ဖြစ်ပါတယ်။ ဥပမာ သင့်အနေဖြင့် Power Point အတွင်း Slide များ ပြုလုပ်ထားမယ်။ ပြီးနောက် ၎င်း Slide များကို သင်နှစ်သက်သော ပုံစံအလိုက် Slide 1 , Slide 2 , Slide 3 အစရှိသဖြင့် ပြန်လည် Re - Arrange ပြုလုပ်လို့ ရပါတယ်။
PowerPoint မှာ Slide များကို Re Arrange ပြုလုပ်ရာမှာ နည်းလမ်းနှစ်မျိုးရှိပါတယ်။ အဲဒါတွေကတော့ Normal View နဲ့ Slide Sorter View တို့ ဖြစ်ပါတယ်။ အခု ပထမဆုံးအနေဖြင့် Normal View နှင့် Slide များကို Re Arrange ပြုလုပ်ကြည့်ပါမယ်။ အရင်ဦးဆုံး နှစ်သက်ရာ Slide တစ်ခုခုကို Select မှတ်လိုက်ပါ။ ပြီးနောက် ဘယ်ဖက်ရှိ Slide View မှ Slide တစ်ခုစီအား Mouse နှင့် Drag ဆွဲ၍ Slide Order များကို ပြောင်းလဲနိုင်ပါတယ်။
နောက်ထပ်နည်းလမ်းဖြစ်တဲ့ Slide Sorter View ကတော့ Slide တစ်ခုပေါ် Select ပေးပြီး Cut ကို နှိပ်လိုက်ပါမယ်။
ပြီးနောက် သင် ပြန်လည်ထည့်သွင်းလိုသည့် နေရာတွင် Click တစ်ချက်နှိပ်လိုက်ပါ။ ဥပမာ Slide နှစ်ခုအကြား Mouse နှင့် Click နှိပ်လိုက်ခြင်း ဖြစ်ပါတယ်။ ဒါဆိုရင် အဲဒီမှာ အနီရောင် ဘားတန်းလေး ပေါ်လာပါလိမ့်မယ်။ ပြီးနောက် Menu Bar ပေါ်ရှိ Paste ကို နှိပ်လိုက်ပါ။
ဒါဆိုရင် ၎င်း Slide ဟာ သင် Select မှတ်ထားသော Slide နှစ်ခုအကြား ရောက်ရှိသွားတာကို တွေ့ရပါလိမ့်မယ်။ ဒီနည်းလမ်းအတိုင်း Slide များကို သင်နှစ်သက်သလို ပြန်လည် Re Arrange ပြုလုပ်လို့ ရပါတယ်။ ပထမ နည်းလမ်းကတော့ အလွယ်နည်းလမ်းဖြစ်ပေမယ့် Slide အရေအတွက်များလာလျှင် အသုံးပြုရန် မလွယ်ကူပါဘူး။ ဒါကြောင့် ဒုတိယ နည်းလမ်းကိုပါ မှတ်သားထားသင့်ပါတယ်။